spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသူ ၂၀ ဦးထံမှ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိ

    မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသူ ၂၀ ဦးထံမှ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၄ ဇွန် ၂၀၂၁)

    မော်လမြိုင်တက္ကသိုလ်၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ (၂၀) ဦးထံတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၃ ရက်နေ့ စစ်ဆေးမှုအရ မော်လမြိုင်တက္ကသိုလ် သတင်းဌာနက ဖော်ပြထားသည်။

    အင်ကြင်းဆောင်အတွင်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ ၂၅ ဦးအနက် ၂၀ ဦးတွင်  ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇွန် ၁၉ ရက်နေ့ကလည်း ကျောင်းသူ ၁၈ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် လက်တလော မော်လမြိုင်တက္ကသိုလ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၄၀ ဦးခန့်ရှိပြီ ဖြစ်သည်။

    တက္ကသိုလ်ကျောင်းဆရာတစ်ဦးက “အင်ကြင်းဆောင်မှာ အရင်ကမစစ်ရတဲ့သူတွေကို စစ်တယ်၊ ပြီးတော့ အရင်က Negative ထွက်ထားတဲ့သူတွေကိုလဲ ထပ်ပြီးပြန်စစ်တော့ အယောက် ၂၀ Positive ဖြစ်သွားတယ်” ဟု ဆိုသည်။

    အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သည့် ကျောင်းသူ ၂၀ ဦးကို စာမေးပွဲဖြေဆိုမှု ရပ်ဆိုင်းထား၍ ထားဝယ်ဆောင်တွင် Quarantine ထားရှိထားသော်လည်း ကျန်ရှိနေသော ကျောင်းသူ/သားများအား စာမေးပွဲဆက်လက်ဖြေဆိုစေခဲ့သည်။

    ထို့အတူ တက္ကသိုလ်အတွင်း အဆောင်နေ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုသည် စိုးရိမ်းဖွယ်အနေအထားအထိ မြင့်တက်လာပြီးဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်ကြေညာခဲ့သည်။

    ရောဂါကူးစက်မှု မြင့်တက်လာနေသည်ကို တာဝန်ရှိပုဂ္ဂိုလ်များက သတင်းအမှောင်ချထားခြင်းနှင့် ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များသည် ရောဂါကူးစက်မှုကို မသိကျိုးကျွန်ပြုကာ ကျောင်းပိတ်ခြင်း စာမေးပွဲနောက်ဆုတ်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

    ယခုအခါကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း အရှိန်မြင့်လာသည့်အတွက် မွန်ပြည်နယ်သို့ ဝင်ရောက်လာပါက စစ်တောင်းတံတားဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာ၍ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး၊ Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ဝင်ရောက်လာလျှင် Quarantine (၁၀) ရက်ဝင်ရမည်ဟု အာဏာပိုင်များက သတ်မှတ်ထားသည်။

    မော်လမြိုင်ဆေးရုံကြီးတွင် လက်ရှိကုသလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဦးနီးပါးရှိသည့်အနက် ၅ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks