spot_img
Friday, February 27, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအရပ်သား ၂၅ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNDO ကိုစုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်

    အရပ်သား ၂၅ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNDO ကိုစုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၁၇ ဇွန် ၂၀၂၁)

    ကရင်အမျိုးသားအစည်းအရုံး (KNU) ထိမ်းချုပ်နယ်မြေ ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်က အရပ်သား ၂‌၅ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးသွားမည်ဟု KNU မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    KNU ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ် ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား လုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ၎င်းဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အဖြစ်မှန်‌ပေါ်ပေါက်ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။

    သို့ရာတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ၏ ပြောရေးဆိုခွင့်ရှိသူ စောဝါးနေနူးက ၎င်းတို့ လက်တွင် သေဆုံးသွားသူ ၂၅ ဦးသည် အရပ်သားများ မဟုတ်ဘဲ KNDO ဘက်ကို ထောက်လှမ်းရန် စစ်ကောင်စီဘက်က လွှတ်ထားသည့် ထောက်လှမ်းရေးများ ဖြစ်ပြီး  စစ်အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားများ၊ ကြည်းတပ်မှ စစ်သားများပါဝင်သည်ဟု ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

    စောဝါးနေနူးက “ညတိုင်း သူတို့ ဒရုန်းနဲ့ တလ တိတိ လွှတ်တယ်။ အဲဒါမျိုး ကျနော်တို့ လက်မခံကြောင်း ပြောတယ်။ သူတို့က ဆက်လုပ်တော့ ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ဆက်လုပ်ရမယ်။ ဒါက ကျနော့်အထင်က ကျနော်တို့က စစ်တိုက်နေတာ။ သူတို့ကို ပြောနေတာ သူတို့မှ နားမထောင်ဘဲ။ သူတို့က နယ်မြေ ရှင်းလင်းရေး နယ်မြေ ရှင်းလင်းရေး အမြဲ လုပ်ချင်နေတာ။ သူတို့လည်း ပြည်သူလူထုကို သတ်တာ မနည်းဘူးလေ။ သူတို့က GE တပ်လေ၊ သူတို့ထဲက ညွှန်ကြားတဲ့ တပ်ပဲ” ဟု ပြောသည်။

    ဝေါလေမြို့နယ်ခွဲတွင် KNDO နှင့် စစ်ကောင်စီတပ်တွေအကြား မေလ ၃၁ ရက်မှ ဇွန်လ ပထမအပတ်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အူးဟူချောင်းတံတား လုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၁ ရက်နှင့် ၉ ရက်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး တို့ကို ပြန်လွှတ်ပေးခဲ့သည်။

    သို့သော် ကျန် ၂၅ ဦးမှာ သတ်ဖြတ်ခံခဲ့ရပြီး စစ်ကောင်စီမှ ဇွန်လ ၁၁ ရက်တွင် ရုပ်အလောင်း ၆ လောင်း တစ်စုတည်း မြှုပ်နှံထားသည်ကို ကနဦးတွေ့ရှိခဲ့ရကာ ဇွန်လ ၁၂ ရက်၌ ရုပ် အလောင်း ၁၈ လောင်းကို ထပ်မံတူးဖော် တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

    ထိုကိစ္စရပ်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဥပဒေများနှင့်အညီ အရေးယူမှု ပြုလုပ်ရန် သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများရှိကြောင်းနှင့် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရရှိလာသော စုံစမ်းမှုရလဒ်များကို မှ အသိပေးထုတ်ပြန်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    Photo-အလောင်းများစုပြုံထားသည့်နေရာ (မြဝတီသတင်းစဥ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks