spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး ရဲများပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာ

    ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး ရဲများပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာ

    -

    မွန်သတင်းအေဂျင်စီ (၁၄ ဇွန် ၂၀၂၁)

    ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်ပွန်းစခန်းအနီးနှင့် ကဒက်ချောင်းအနီး၌ ယနေ့ ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များကို သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    “အဲဒီ ကင်မွန်းစခန်းမှာ ရဲတွေက လုံခြုံရေးလာယူတာရှိတယ်။ အဲဒါ ဒီနေ့ နေ့လယ်မှာ ဝင်ပစ်တယ်။ ၁ ဦးသေတယ်။ အရပ်ဝတ်နဲ့ပဲ။ ရဲသတင်းပေးလို့ ပြောသလို ရဲလို့လည်းပြောတယ်။ သေချာမသိသေးဘူး အခုက စစ်တပ် ရောက်နေပြီ။ ၂ ဦးဒဏ်ရာရတယ်။ ပစ်ခတ်သံက အပြန်အလှန်ပစ်တာမျိုးမဟုတ်ဘူး။ တစ်ဖက်တည်းက လာပစ်သွားတာ။ ဘယ်သူတွေ ပစ်လဲဆိုတော့  မပြောတတ်ဘူး ဘယ်သူလုပ်တယ်ဆိုတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ရဲတပ်ဖွဲ့ဝင်အချို့က ‌ကဒက်ချောင်းတွင် သောက်စားအော်ဟစ်မှုပြုလုပ်နေပြီး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ဦး လက်မောင်းသာထိခဲ့ပြီး အရပ်သားတစ်ဦး ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အလားတူ မြဝတီသတင်းဌာန သတင်းဖော်ပြချက်တွင် အထက် ဇွန်လ ၁၄ ရက် နေ့လယ် ၁ နာရီ ၅ မိနစ်ခန့် တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကတက်ချောင်းအတွင်း၌ ဒေသခံပြည်သူ ၄၀ ဦးခန့်တို့မှ ရေချိုးနေစဉ် ကတက်ချောင်းတံတားပေါ်မှ လက်နက်ကိုင်သောင်းကျန်းသူ အင်အား ၄ ဦး ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ချောင်းအတွင်း ရေချိုးနေသည့် ကင်းမွန်ချောင်းကျေးရွာနေ ဦးဇေယျာမျိုး(၂၄)နှစ် (ဘ)ဦးမောင်မြင့်၊ ဦးစနေမောင်မောင်(၄၃)နှစ် (ဘ) ဦးမောင်ကို၊ ဒိုက်ဦးမြို့၊ ဖအောင်ကျေးရွာနေ ဦးသူရထွန်း(၃၆)နှစ် (ဘ)ဦးဌေးဝင်းနှင့် ဘီးလင်းမြို့၊ ညောင်ချောင်းကျေးရွာနေ မောင်ရဲရင့်မိုး(၁၇)နှစ် (ဘ)ဦးငွေရတို့တွင် သေနတ်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာရရှိသူများအနက် ဦးဇေယျာမျိုးမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

    ထို့အပြင် ကျိုက်ထိုမြို့အတွင်း သပိတ်စုံသူပုန်ထ အမည်ဖြင့် အာဏာရှင်ဆန့်ကျင်သော ကျောင်းသားလူငယ်အချို့က ယနေ့မွန်းလွဲပိုင်းတွင် ပျောက်ကြားသပိတ်တစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks