Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသား/သူ ၈ ဦးကို ဒုတိယအကြိမ်ရုံးထုတ်

ဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသား/သူ ၈ ဦးကို ဒုတိယအကြိမ်ရုံးထုတ်

-

မွန်သတင်းအေဂျင်စီ (၁၂ ဇွန် ၂၀၂၁)

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးခံထားရသည့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/သူ ၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က ကျိုက်မရောမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။


မိန်းခလေး ၂ ဦးပါဝင်သည့် အဆိုပါ ကျောင်းသား/သူများအား ၎င်းတို့နေထိုင်သည့် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မေလ ၁၇ ရက်နေ့ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့အင်အား ၁၀၀ ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျိုက်မရောအကျဥ်းထောင်သို့ ပို့ဆောင်၍ထိန်းသိမ်းထားသည်။

ယင်းသို့ ဝင်ရောက် ဖမ်းဆီးခံရချိန်တွင် ၎င်းတို့ ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စား အချို့ကိုပါ သိမ်းယူသွားကြောင်း မိသားစုဝင်များပြောပြချက်ကို ကိုးကား၍ သတင်းဌာနအချို့က ဖော်ပြခဲ့သည်။

အလားတူ မုဒုံမြို့ မော်သံလမ်းနေ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ကိုခိုင်မင်းထွန်း(ခ)ဖိုးခိုင်ကို ဇွန် ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။


ထို့အပြင် တက်ကြွလှုပ်ရှားသူ အခြားလူငယ် ၄ ဦး၏ နေအိမ်နှင့် မိဘဆွေမျိုးများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts