spot_img
Monday, December 15, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးတိုင်းရင်းသားလက်နက်ကိုင်တချို့ စစ်သင်တန်းနှင့်ဖောက်ကွဲရေးသင်တန်းများ ပေးနေဟု စစ်ကောင်စီပြော

    တိုင်းရင်းသားလက်နက်ကိုင်တချို့ စစ်သင်တန်းနှင့်ဖောက်ကွဲရေးသင်တန်းများ ပေးနေဟု စစ်ကောင်စီပြော

    -

     မွန်သတင်းအေဂျင်စီ (၁၂ ဇွန် ၂၀၂၁)

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့သည် နိုင်ငံသားတချို့ကို ဖောက်ခွဲရေးသင်တန်းနှင့် စစ်သင်တန်းများကို ပေးနေသည်ဟု ဇွန်လ ၁၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

    အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။

     “ထောက်ကြန့်မှာ KIA ဆီကနေ အခြေခံစစ်သင်တန်းနဲ့ဖောက်ခွဲရေး သင်တန်း တက်ပြီး ပြန်လာတဲ့သူ ၂ ဦးကို ဇွန်လ ၅ ရက်တုန်းက ဖမ်းမိပါတယ်။ ဖမ်းမိတဲ့လူတွေပြောပြချက်အရ KIA တပ်မဟာ ၃ ကဖွင့်ထားတဲ့ စစ်သင်တန်းစခန်းကို ရောက်ပြီးတော့ တခြား လူ ၁၄၀ ကျော်နဲ့အတူတူ သင်တန်း တက်ခဲ့တယ်လို့ ပြောပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးက စစ်သင်တန်းပေးနေသည်ဟု မပြောလိုပဲ တချို့ လက်နက်ကိုင်တပ်ဖွဲ့များသည် တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့က အကြမ်းဖက် အားပေးသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု အသိပေးပြောဆိုသွားသည်။

    KNPP ၏ စစ်သင်တန်းကနေ ပြန်လာသည့် လူငယ်(၇၀) ဦး ဖမ်းမိခဲ့သည်ဟု ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က သတင်းထွက်ပေါ်ခဲ့သော်လည်း မိမိတို့တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဖမ်းဆီးခံရတဲ့ လူငယ် (၇၀)ဝန်းကျင်နဲ့ပတ်သက်ပြီး (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်က Kantarawaddy Times နှင့်အင်တာဗျူးတွင် ပြောဆိုထားသည်။

    “လက်မှတ်ပေး ဘာညာကတော့ ကျတော်မသိဘူး သို့သော် ခုနပြောတဲ့ သင်တန်းတွေကတော့ KNPP ကပေးပြီဆိုရင်တော့ ပြန်လာစရာအကြောင်းမရှိဘူး။ ဒါကတော့ ခွဲခြားသိစေချင်တယ်။ ဥပမာ- KNPP ကနေ ပေးတဲ့သင်တန်းဆိုရင် KNPP အောက်က ရဲဘော်ပေါ့လေ ကရင်နီတပ်မတော်ဖြစ်မှာပဲဆိုတော့ ပြန်လွှတ်စရာအကြောင်းမရှိဘူး။ ဟိုရက်ကဖြစ်တဲ့ဟာမျိုးဆိုရင် ခုနကျတော်ပြောသလို အဖွဲ့အစည်းပေါင်းစုံကနေကိုယ်စားပြု ပြည်နယ်ကိုယ်စားပြုဖွဲ့ထားတဲ့ ကော်မတီအဖွဲ့ကနေပဲ ကြီးမှူကျင်းပတာဖြစ်တယ် အဲဒါတော့ နည်းနည်းခွဲခြားမြင်ဖို့တော့လိုတယ်ပေါ့နော။ ကျတော်တို့ ကေအဲန်ပီပီကနေ တိုက်ရိုက်ပေးတဲ့သင်တန်းမျိုးဆိုရင် ဒါက ကရင်နီတပ်မတော်ဖြစ်မှာပဲပေါ့။ ဆိုတော့ ပြန်လွှတ်ရာအကြောင်းမရှိဘူး သူတို့ကို ပရမ်းပတာပြန်လွှတ်လို့လည်းမရဘူး” ဟု (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်က ပြောသည်။

    ထို့အပြင် KNU ကနေ ဖောက်ခွဲရေး သင်တန်းတက်ရောက်ပြီး ပြန်လာသူ ၃ ဦးကို ဇွန်လ ၈ ရက်နေ့က ရန်ကင်းမြို့နယ်ထဲတွင်  ဖမ်းမိခဲ့ရာ ဖမ်းဆီးခံရသူများ၏ ပြောပြချက်အရ ကျောက်ကြီး-မုန်း-ဇရပ်ကြီးတွင် ရှိသည့် KNU က ဖွင့်လှစ်ထားသင့် ဖောက်ခွဲရေး သင်တန်းကို တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကို ဖွဲ့စည်းလိုက်ကြောင့် ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts