spot_img
Saturday, January 31, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦးသေဆုံး

    မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၁၁ ဇွန် ၂၀၂၁)

    ယခုလအတွင်း မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    မော်လမြိုင်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက “ ဆုံးသွားတာက ဘီးလူးကျွန်း ရွာလွတ်က အသက် ၆၅ လောက်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးလို့ သိထားတယ်ပေါ့၊ ပိုးကူစက်သူ အရေအတွက်ပြောရမယ်ဆိုရင် မွန်ပြည်နယ်မှာ ဆယ်ဂဏန်းလောက်တော့ ရှိနေပြီး” ဟု ဆိုသည်။

    လက်ရှိအချိန်တွင် မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နှင့်အမျှ ထပ်တိုးလာနေခြင်းကြောင့် ကိုဗစ်ကုသရေးဆေးရုံတစ်ခုဖြစ်သည့် Isolation Word 3 ကို ပြန်လည်ဖွင့်လှစ်ရန်စီစဉ်လျှက်ရှိကြောင်း မော်လမြိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာဝန်တစ်ဦးက ပြောသည်။

     “အခုအချိန်မှာ ရောဂါကူးစက်တာလည်း တိုးလာနေတယ်၊ စစ်ဆေးရုံမှာက နေရာတွေလည်းကြပ်လာတော့ လူနာတွေ ထားရှိဖို့ကို ဒီ Isolation Word 3 ကိုပြင်ဆင်ထားတယ်”ဟု ဒေါက်တာနန္ဒာဝေ ကပြောသည်။

    ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ကုသရေးဆေးရုံ ၃ ခုနှင့် သထုံမြို့နယ်မှ ဆေးရုံ ၁ ခုတွင် စောင့်ကြည့်ကုသပေးခဲ့ရာ ယခုလက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို မဆရ ၅ နှင့် မော်လမြိုင်ဆေးရုံကြီးတွင် ကုသပေးလျှက်ရှိကြောင်းသိရသည်။

    မွန်ပြည်နယ် တစ်ပြည်နယ်လုံးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၅ သောင်းကျော်ရှိပြီးဖြစ်သော်လည်း ပေါင်၊ မုဒုံ နှင့် သံဖြူဇရပ်မြို့နယ်တွင် တကျော့ပြန်ကူးစက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

    ချောင်းဆုံမြို့နယ်တွင် ကိုဗစ်လူနာသေဆုံးနည်းတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

     ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး အနေဖြင့် ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄,၅၇၉ ဦး၊ သေဆုံးသူ ၃၂၂၈ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၁၃၂,၆၁၅ ဦးရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks