Friday, March 13, 2026
More
    spot_img
    Homeသတင်းမိုးရာသီအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ဆောင်ရွက်မှုများလုပ်ဆောင်ထားသင့်

    မိုးရာသီအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ဆောင်ရွက်မှုများလုပ်ဆောင်ထားသင့်

    -

    မွန်သတင်းအေဂျင်စီ (၁၀ ဇွန် ၂၀၂၁)

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားချက်အရ ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မွန်ပြည်နယ်အပါအဝင် အခြားကမ်းရိုးတန်းဒေသများတွင် ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံဖြစ်လာနိုင်ခြင်းကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း မွန်ပြည်နယ်ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက တိုက်တွန်းပြောဆိုထားသည်။

    အရေးပေါ်အခြေအနေများအတွက် အစားအသောက်များ အသက်ကယ်လှေများ ဆေးဝါးပစ္စည်းများနှင့် နေထိုင်စရာနေရာများကို ကြိုတင်ပြင်ဆောင်ရွက်ထားသကဲ့သို့ ထိခိုက်ဆုံးရှုံးမှုနည်းစေရန် ပြည်သူဘက်မှ အဆင်သင့် ပြင်ဆင်ထားရန်လည်းလိုအပ်ကြောင်း မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ မိုးကြီးရေးကြီးမယ်ဆိုတဲ့သတိပေးချက်လည်း ကြားထားပြီးဖြစ်တဲ့အတွက် အခုကလည်း နားလိုက်ရွာလိုက်နဲ့ဆိုတော့ ပုံမှန်မြုပ်နေကျအပိုင်းတွေတော့မြုပ်နေပြီး အရေးပေါ်အနေအထားအထိတော့မဖြစ်သေးဘူး အဲ့တော့ ကိုယ့်ရဲ့နေအိမ်အတွင်းမှာရှိတဲ့ အရေးကြီးပစ္စည်းတွေကိုစုစောင်းပြီး အမြင့်ပိုင်းမှာရှိတဲ့ အသိအိမ်မှာပဲဖြစ်ဖြစ်ထားသင့်တယ် အရေးပေါ်ကယ်ဆယ်ရေးဖုန်းနံပါတ်တွေလည်းသိထားသင့်တယ်” ဟု ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ဆိုသည်။

    အလားတူ မိုးရာသီတွင် မြေပြိုခြင်း ဖြစ်လေ့ဖြစ်ထရှိသည့် ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် သတိပြုနေထိုင်သင့်သည့်အပြင် မိုးကြိုးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့်  ယာဉ်မတော်တဆ တို့ကိုလည်း သတိပြုသင့်ကြောင်း ၎င်းကဆိုသည်။

    သံဖြူဇရပ်မြို့နယ် ရပ်ကျေးစီမံအုပ်ချုပ်ရေးမှူးတစ်ဦးက “ လွန်ခဲ့တဲ့ ၂၀၁၉ က မွန်ပြည်နယ်မှာ တော်တော်လေးကို ဆုံးရှုံးခဲ့ရတော့ ဒီနောက်ပိုင်းမှာ ပြည်သူတွေသတိရှိလာကြတယ် ရပ်ရွာအတွင်းမှာဆိုရင် ချောင်းရော မြောင်းရော ဆယ်ဖို့ဟာတွေတော့လုပ်ထားတယ် ပရဟိတအဖွဲ့တွေ လာရောက်ကူညီတဲ့အချိန် အသုံးပြုဖို့အတွက် လှေတချို့ကိုလည်း အရန်သင့်ပြင်ထားတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း သဘာဝဘေးနှင့် ဘေးအမျိုးအမျိုး ၆၉ ကြိမ်ဖြစ်ပွားခဲ့ရာမှ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၀ ဦးသေဆုံးကာ ၆၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျပ် ၂၀၇.၉၃ သန်းဆုံရှုံးခဲ့ရကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks