spot_img
Saturday, February 21, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းလွှတ်တော်အမတ်လောင်း မိဝေသီဖြိုးအား လုပ်ကြံသည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီ ထုတ်ပြန်

    လွှတ်တော်အမတ်လောင်း မိဝေသီဖြိုးအား လုပ်ကြံသည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီ ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၉)

    မွန်ညီညွတ်ရေးပါတီ MUP လွှတ်တော်အမတ်လောင်း မိဝေသီဖြိုးကို ဘုရားသုံးဆူအနီး ယမန်နေ့ညနေပိုင်းက ပစ်ခတ်သတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီ (NMSP)နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့က ယနေ့ဇွန်လ ၉ ရက်စွဲဖြင့် သဘောထားအသီးသီး ထုတ်ပြန်ထားသည်။

    မိဝေသီဖြိုးအား ပစ်ခတ်သတ်ဖြတ်လုပ်ကြံသည့်လက်သည်နှင့် အဖွဲ့အစည်းကို မွန်ပြည်သစ်ပါတီ NMSP က အလွန်ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်အဖြစ်သတ်မှတ်၍ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)၏ ယနေ့ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အမျိုးသားရေး အားမာန်အပြည့်ဖြင့် တက်ကြွလှုပ်ရှားနေသူ မိဝေသီဖြိုးအား ငြိမ်းချမ်းရေးကိုမလိုလားသော အကြမ်းဖက်မှုအားပေးသူများက ရက်စက်စွာလုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းလုပ်ရပ်အပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ပြင်းထန်စွာရှုတ်ချလိုက်ကြောင်း ရေးသားထားသည်။

    ထို့အတူ နိုင်ငံရေးအသွင်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် မွန်ညီညွတ်ရေးပါတီဝင်များနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အလေးအနက်ထားပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်လာရန် ၎င်းဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပေါ်လာရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခအသွင်ဆောင်သော လုပ်ရပ်များ မပေါ်ပေါက်လာရေး၊ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လုံခြုံအေးချမ်းသာယာရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

    လက်ရှိ နိုင်ငံရေးပြဿနာအကြား မွန်ဒေသတစ်ခုလုံး ငြိမ်းချမ်းစွာနေထိုင်နေသည့် လူမျိုးစုများအကြား ဒေသတွင်း ပဋိပက္ခ၊ လူမျိုးဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခမဖြစ်ပေါ်စေရေး၊ တိုင်းရင်းသားအားလုံး လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ အဟန့်အတားအနှောက်အယှက် ဖြစ်စေသည့် မည်သည့် အကြမ်းဖက်လုပ်ရပ်မျိုးကမဆို မွန်ညီညွတ်ရေးပါတီမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) လွှတ်တော်အမတ်လောင်း မိဝေသီဖြိုးကို ပစ်ခတ်သတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်ကို ဥရောပရောက်ညီညွတ်သော မွန်အဖွဲ့အစည်း (EMUA)၊ မွန်အမျိုးသားကွန်ရက် (MNN) စသည့်အဖွဲ့အစည်းအသီးသီးကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ရွာသစ်အကြားတွင် ဇွန်လ ၈ ရက် ညနေပိုင်းအချိန်ခန့်က မော်တော်ယာဉ်မောင်းနှင်လာသော မိဝေသီဖြိုးကို အမည်မသိသေနတ်သမားတစ်ဦး AK-47 သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကောက်ယူရရှိထားသော ကျည်ဆံခွန်များနှင့် အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့သူများက သုံးသပ်ထားသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks