spot_img
Wednesday, February 18, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းပညာရေးဖြစ်သောကြောင့် ခပ်ပေါ့ပေါ့ မတွေးစေလိုကြောင်း ထောက်ပြပြောဆို

    ပညာရေးဖြစ်သောကြောင့် ခပ်ပေါ့ပေါ့ မတွေးစေလိုကြောင်း ထောက်ပြပြောဆို

    -

    မွန်သတင်းအေဂျင်စီ (၂ ဇွန် ၂၀၂၁)

    လက်ရှိ အခြေခံပညာရေး စာသင်ကျောင်းများ စတင်ဖွင့်လှစ်နေသည့်ကာလတွင် တိုင်းပြည်အနာဂတ်ဟုဆိုရလောက်သည့် ပညာရေးဖြစ်သောကြောင့် ကျောင်းသားမိဘများအနေဖြင့် ခပ်ပေါ့ပေါ့ မတွေးစေလိုကြောင်း ပြည်သူအချို့က ထောက်ပြပြောဆိုကြသည်။

    သံဖြူဇရပ်မြို့ခံ ဦးတင်မျိုးအောင်က “ကျောင်းနေရွယ်ကလေးများအားလုံးကို စာသင်ကျောင်းမှာပဲ ရှိနေစေချင်တယ်၊ ကလေးတွေက အသက်ကပဲကြီးလာတယ် စာသင်ခန်းနဲ့ တစ်နှစ်ပြီးတစ်နှစ် ဝေးနေရင် ကျောင်းနဲ့ဘယ်လိုမှ အဆင်ပြေတော့မှာမဟုတ်ဘူး အဲဒါကိုမိဘတွေက ထည့်စဉ်းစားသင့်တယ်၊ ကျွန်ပညာရေးပဲပြောပြော စစ်ပညာရေးပဲပြောပြော အားလုံးက ကိုယ့်ပညာရေးဝန်ကြီးဌာန ချမှတ်ထားတဲ့ပညာရေးစနစ်ပါပဲ” ဟု ပြောသည်။

    Online ပေါ်မှခြိမ်းခြောက်မှုများနှင့်အတူ စာသင်ကျောင်းများတွင် ဗုံးတွေ့ရှိခြင်း၊ ဗုံးကွဲခြင်းနှင့် မီးရှိ့ခံရခြင်းကြောင့် စာသင်ကျောင်းမီးလောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ခလေးများအား ကျောင်းအပ်ရန် မိဘအချို့တွင် စိုးရိမ်မှုများဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

    သို့ရာတွင် ကျောင်းလုံခြုံရေးအတွက် သက်ဆိုင်ရာကျေးရွာစီမံအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်ကျေးရွာများအတွင်း လုံခြုံရေးစီမံထားရှိသဖြင့် စိုးရိမ်စရာမလိုကြောင်း အာဏာပိုင်များက အသိပေးထားသည်။

    အခြေခံပညာကျောင်းဖွင့်လှစ်သည့် ဒုတိယမြောက်နေ့တွင် ကျောင်းသားကျောင်းသူဦးရေ ပိုမိုတိုးများလာကြောင်း မုဒုံမြို့မှ အခြေခံပညာဝန်ထမ်းတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့မှာတော့ ဒီနေ့ ကျောင်းသားဦးရေ ပိုများလာတယ်၊ အခုပညာသင်နှစ်မှာ KG တက်မယ့် ကလေးတွေ နည်းနည်းအသက်ကြီးသွားကြတယ် အသက်က ၇ နှစ် ၈ နှစ်လောက်ကို ဖြစ်သွားတယ် စာနဲ့ဝေးသွားတော့ သင်ရတာလည်း ခက်သွားတယ်” ဟု အဆိုပါ ပညာရေးဝန်ထမ်းက ပြောသည်။

    အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ မွန်ပြည်နယ် ၁၀ မြို့နယ် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမပေါင်း ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံထားရပြီး တစ်နိုင်ငံလုံးတွင် ဆရာ၊ ဆရာမစုစုပေါင်း ၄ သိန်းကျော်ရှိသည့်အနက် CDM လှုပ်ရှားမှုကြောင့် ၂ သိန်းခန့် အလုပ်ယာယီရပ်နားခံရခြင်းနှင့် ထုတ်ပယ်ခံရခြင်းရှိကြောင်း သတင်းများက ဖော်ပြသည်။

    စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ရန်၊ အခြေခံကျောင်းများ မတက်ရန် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျောင်းတက်သည့် ကျောင်းသားဦးရေနည်းပါးနေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်၊ ကယား၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ တွင် ပုံမှန်ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks