Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ကောင်စီနှင့် မပူးပေါင်းဖို့ မွန်ပြည်သစ်ပါတီကို ကျောင်းသားသမဂ္ဂများ တောင်းဆို

    စစ်ကောင်စီနှင့် မပူးပေါင်းဖို့ မွန်ပြည်သစ်ပါတီကို ကျောင်းသားသမဂ္ဂများ တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၁)

    စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် မွန်ပြည်နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂ (၁၂) ခုက မွန်ပြည်သစ်ပါတီ (NMSP) ထံ တောင်းဆိုချက် (၅) ချက်ဖြင့် အိတ်ဖွင့်ပေးစာတစောင်ကို ဇွန်လ ၁ ရက်တွင် ပေးပို့ထားသည်။

    လက်ရှိအချိန်တွင် ပြည်သူလူထုအား နေ့စဉ်ဖမ်းဆီးသတ်ဖြတ်နေသော အာဏာသိမ်းစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်နှင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအဝှမ်းသို့လည်းကောင်း၊ နိုင်ငံတကာသို့လည်းကောင်း အတိအလင်း သဘောထားထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီ (NMSP) ၏ ရှေ့ဆင့်ရပ်တည်ချက် နိုင်ငံရေးလမ်းပြမြေပုံများကို ပြည်သူလူထုထံ ထုတ်ပြန်ပေးရန်နှင့် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲဝင်နေသူများကို စွမ်းစွမ်းတမံ ကာကွယ်ကူညီပေးရန် တောင်းဆိုထားသည်။

    “ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်လျှောက်လှမ်းရာတွင် ပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ရန်” စသည့်အချက်များ ပါရှိသည်။

    မွန်ပြည်သစ်ပါတီ (NMSP) ထံ မိမိတို့ ကျောင်းသားသမဂ္ဂများ၏ တောင်းဆိုချက်များကို အလေ့အနက်ထား ထည့်သွင်းစဉ်းစားမည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းတို့ အနေဖြင့်လည်း တော်လှန်ရေးအောင်မြင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူ့ဘက်ရည်တည်သော အဖွဲ့အစည်းမှန်သမျှကို မိမိတို့အနေဖြင့် ထောက်ခံအားပေးသွားမည်ဟု ကတိပြုထားသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် မွန်ဝန်ကြီးများပါဝင်နေမှုအပေါ် ကန့်ကွက်စရာမရှိသလို တဖက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသဖြင့် စောင့်စည်းစရာများရှိနေကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက Online စကားဝိုင်းအစီအစဉ်တစ်ခုတွင် မွန်ဘာသာဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks