Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရှမ်းနီတပ်မတော် ဒုစစ်ဦးစီးချုပ် လုပ်ကြံခံရ

    ရှမ်းနီတပ်မတော် ဒုစစ်ဦးစီးချုပ် လုပ်ကြံခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၈)


    ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော် (ခ) ရဲဘော်သံချောင်းသည် မသမာသူတစ်ဦး၏လုပ်ကြံမှုကြောင့် ယမန်နေ့ (မေ ၂၇ ရက်) နံနက် ၉ နာရီအချိန်တွင် ကျဆုံးသွားကြောင်း သတင်းရရှိသည်။

    အဆိုပါ လုပ်ကြံမှုကြောင့် အသက် ၅၇ နှစ်ရှိသည့် ဗိုလ်ချုပ်စဝ်ခွန်ကျော်အပါအဝင် SNA မှ တပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူအား အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ” တစ်နေ့ကည တစ်နာရီခွဲမှာဖြစ်တာ မနေ့က မနက် ၉ နာရီမှာ ဆုံးသွားတယ်”ဟု SNA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။

    ဗိုလ်ချုပ်စဝ်ခွန်ကျော် (ခ) ရဲဘော်သံချောင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး (ABSDF)၏ စစ်ရေးတာဝန်ခံဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်းကောင်း တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန် ဌာနချုပ်ကိုတည်ထောင်စဥ်ပါဝင်ခဲ့သူလည်း ဖြစ်သည် ။

    ရှမ်းနီလူမျိုးတစ်ဦးဖြစ်သော စဝ်ခွန်ကျော်သည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မိမိတို့ရှမ်းနီအမျိုးသားများ တန်းတူအခွင့်အရေးအတွက် သီးခြားတပ်မတော်တည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဥ် သတင်းပေါက်ကြားမှုကြောင့် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကိုခံရပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖမ်းဆီးခြင်းခံရ၍ သေဒဏ်အပြစ်ပေးခြင်းခံရသည်။

    သို့ရာတွင် ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာကာ ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks