spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ အရှိန်မြှင့်စစ်ဆေးဖမ်းဆီးသွားမည်ဟုဆို

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ အရှိန်မြှင့်စစ်ဆေးဖမ်းဆီးသွားမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၇)

    တရားမဝင်အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များ တင်သွင်းရောင်းချမှုများနှင့် တရားမဝင်မော်တော်ယာဉ် အသုံးပြုခြင်းများအား စစ်ဆေးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

    တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားမဝင် မော်တော်ယာဉ် အသုံးပြုမှုများအား ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများကို မေလ (တတိယပတ်)အတွင်းမှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ တရားမဝင်မော်တော်ယာဉ် (၃၅) စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသော်လည်း မည်သည့်နေရာများက ဖမ်းဆီးခဲ့သည်ကို မသိရှိရပေ။

    “အခုလိုကျောင်းအပ်တဲ့ကာလတွေမှာ မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးမှုတွေ ပိုပြီးတင်းကြပ်လာတယ်၊ အထူးသဖြင့် NLD နဲ့နီးစပ်တဲ့လူတွေ၊ ပြီးတော့ ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှားသူတွေ Without စီးရင်တော့ ဖမ်းပြီး သိမ်းလိုက်တာမျိုး ကြားမိတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ဆိုသည်။

    သို့ရာတွင် ကျေးရွာများမှ မြို့ပေါ်စီးလာသည့် လိုင်စင်မဲ့ Without မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးမိသော်လည်း ဖမ်းဆီးသူနှင့်ဆိုင်ကယ်ပိုင်ရှင်တို့ သင့်တင့်သောဈေးနှုန်းညှိနှိုင်းယူ၍ အဆင်ပြေမှုများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

    ရေးမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက “ခုတလောရန်ကုန်ခဏခဏသွားဖြစ်တာပဲ၊  မြို့အဝင်အထွက်တွေမှာ လုံခြုံရေးစစ်ဆေးမှုတွေက သာမန်ပါပဲ ဒါပေမယ့် သံဖြူဇရပ်မှာတော့ ကားဒရိုင်ဘာရော ကားရော သေသေချာချာစစ်တာ” ဟု မိန့်ဆိုသည်။

    ပြစ်မှုကျူးလွန်သူများနှင့် ကျူးလွန်ရန် ကြိုတင် ကြံစည်စီမံသူများအနေဖြင့် တရားမဝင် မော်တော်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ ပြစ်မှုကျူးလွန်ဆောင်ရွက်လာကြသည်ကို ဖော်ထုတ်တွေ့ရှိခဲ့ရသည်ဟု စစ်ကောင်စီဘက်က ဆိုသည်။

    ထို့ပြင် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော တရားမဝင် မော်တော် ဆိုင်ကယ်များကို ရောင်းချလျက်ရှိသည့် အရောင်းဆိုင်/ အရောင်းပြခန်းများမှ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူနိုင်ရေး အဓိကဦးတည်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (ပထမပတ်) မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ တရားမဝင် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ် (၉၈၇)စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    Photo- မွန်ပြည်နယ်က မော်တော်ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် (Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks