spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ် မြို့ပေါ်နေရာအချို့ပေါက်ကွဲမှုဖြစ်ပွား မြို့အဝင်အထွက်နေရာများ လုံခြုံရေးပိုမိုတင်းကြပ်

    မွန်ပြည်နယ် မြို့ပေါ်နေရာအချို့ပေါက်ကွဲမှုဖြစ်ပွား မြို့အဝင်အထွက်နေရာများ လုံခြုံရေးပိုမိုတင်းကြပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၈)

    မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့အပါအဝင် နယ်မြို့အချို့တွင် ယခုရက်ပိုင်းက ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်တပ်တို့က မြို့ပေါ်‌ နေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာများ၌ လုံခြုံရေးစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာကြာင်း ဒေသခံများထံက သိရသည်။

    မော်လမြိုင်၊ သထုံနှင့် ရေးမြို့တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ချို့ထိခိုက်သော်လည်း သေဆုံးခြင်းမရှိခဲ့သလို အဆောက်အအုံများ ပျက်ဆီးမှုမရှိကြောင်း သိရသည်။

    မော်လမြိုင်မြို့တွင် မေလ ၁၇ ရက် ညပိုင်းက ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီခန့်က ကမ်းနားလမ်း အကောက်ခွန်ဦးစီးဌာနရုံးအရှေ့ အမှိုက်ပုံအတွင်း လက်လုပ်အသံဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ည  ၁၀ နာရီ ၅၅ မိနစ်ခန့်က ဗဟိုလမ်းရှိ ပြည်ခိုင်ဖြိုးပါတီခရိုင်ရုံး ဝင်ပေါက်ဘေးတွင် လက်လုပ်အသံဗုံး တစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က အောက်ကျင်းရပ်ကွက်ရှိ မော်လမြိုင်မြို့နယ် ကျန်းမာရေးမှူးရုံးခြံစည်းရိုးဘေးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ညသန်းခေါင်ယံခန့်က မောရဝတီပန်းခြံ ခြံစည်းရိုးဘေးတွင် လက်လုပ်အသံမိုင်း တစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း အဆိုပါပေါက်ကွဲမှုဖြစ်စဥ်အားလုံး လူထိခိုက်မှုမရှိကြောင်း သိရသည်။

    ထို့ပြင် မေလ ၁၆ ရက် ညပိုင်းတွင်လည်း ဈေးကြို ကညန ရုံးအနီးပေါက်ကွဲသံများကြားရသော်လည်း မည်သူ့လက်ချက်ဖြစ်သည်ကို သက်ဆိုင်ရာမှသတင်းထုတ်ပြန်ခြင်းမရှိပေ။

    အလားတူ သထုံမြို့တွင် မေလ ၁၆ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ထိုနေ့ နံနက် ၆ နာရီဝန်းကျင်က အထက (၂ ) ကျောင်းဝင်းအနီး ရေမြောင်းအတွင်းတစ်ကြိမ်၊ ကျောင်းပေါက်ဝ အနီး တစ်ကြိမ်နှင့် ဇင်ယော်တည်းခိုခန်းအနီး တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

    အထက ၂ ကျောင်းအနီး ဗုံးပေါက်ကွဲမှုတွင် ကျောင်းအဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော နေရာများတွင် ရှာဖွေစစ်ဆေးမှု‌များ ပြုလုပ်ခဲ့သည်။

    ရေးမြို့ လူမှုရေးအသင်းအဖွဲ့များတွင် တက်ကြွလှုပ်ရှားသူ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးအောင်နိုင်ဝင်း အောင်သုခရပ်ကွက် နေအိမ်တွင်ရှိနေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က လက်ပစ်ဗုံးတစ်လုံးနှင့် လက်လုပ်ဗုံးတွဲ၍ အပစ်ခံရသဖြင့် ပေါက်ကွဲဗုံးစများထိမှန်သဖြင့် မော်လမြိုင်စစ်ဆေးရုံသို့ သွားရောက်ကုသခံရသည်။

    ၎င်း၏နောက်ဘက် ကျောပြင်ပေါ်တွင် ဗုံးအစ ၁၄ စထိမှန်ခဲ့သော်လည်း အသက်အန္တရယ်စိုးရိမ်စရာမရှိဟု ကာယကံရှင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ရေးမြိုံ့ခံတစ်ဦးက “အစစ်အဆေးတွေပိုများလာတယ် ဗုံးဖောက်တဲ့လူကိုဖမ်းမိတာတော့ မကြားမိဘူး လောလောဆယ် လိုင်စင်မဲ့ Without ဆိုင်ကယ်တွေ ပြဿနာတက်ကုန်ပါပြီ ဆိုင်ကယ်သိမ်းသလိုနဲ့ ပြန်ရွေးယူရတာမျိုးရှိပါတယ် Wuthout ကားတွေလည်း လောလောဆယ်မစီးရဲကြသေးဘူး” ဟု ဆိုသည်။ 

    ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃ အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့နံနက်စောစောပိုင်းက ဗုံးကွဲပြီးနောက် သေနတ်ပစ်ခံရသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး လမ်းပေါ်၌ ခေါင်းပွင့်ထွက်သေဆုံးခဲ့ကြောင်း Online သတင်းများတွင် တွေ့ရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks