spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းစစ်အာဏာသိမ်းပြီးရက်ပေါင်း ၁၀၀ အလွန် စက်သုံးဆီဈေးတစ်လီတာ ကျပ် ၃၀၀ ကျော်အထိ ဈေးမြင့်တက်နေ

    စစ်အာဏာသိမ်းပြီးရက်ပေါင်း ၁၀၀ အလွန် စက်သုံးဆီဈေးတစ်လီတာ ကျပ် ၃၀၀ ကျော်အထိ ဈေးမြင့်တက်နေ

    -

    မွန်သတင်းအေဂျင်စီ (၁၇ မေ ၂၀၂၁)

    လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အမျိုးအစားအလိုက် တစ်လီတာ ၁၁၀၀ ကျပ်အထိ စျေးပေါက်နေပြီး စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အလွန်တွင် စက်သုံးဆီဈေးတစ်လီတာကျပ် ၃၀၀ ကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရသည်။

    ဇန်နဝါရီလကုန်ပိုင်းတွင် အောက်တိန်း 92 တစ်လီတာ ကျပ် (၆၅၅)၊ အောက်တိန်း 95 တစ်လီတာ ကျပ် (၇၆၅)၊ ဒီဇယ်တစ်လီတာ ကျပ် ၆၉၅ နှင့် ပရီမီယံဒီဇယ် တစ်လီတာကျပ် ၇၀၅ သာ ရှိခဲ့သည်။

    ရေးမြို့ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက “ပုံမှန်ရောင်းရတယ်ဆိုပေမယ့် ကျွန်တော်တို့ ပင်ရင်းဆီသွားယူနေတဲ့ နေရာက ကျွန်တော်တို့ကိုထပ်ဆောင်းဝယ်ယူမှ ရောင်းမှာတဲ့ ကျွန်တော်တို့ကလည်း ဖောက်သည်တွေကိုခေါက်ပြန်ပေးပုံစံနဲ့ ပြန်ရောင်းနေတော့ ထပ်ဆောင်းဝယ်ယူဖို့က ငွေရေးကြေးရေးပြဿနည်းနည်းဖြစ်တာပေါ့”ဟု ဆိုသည်။

    ယမန်နေ့ (မေလ ၁၇ ရက်) တွင် ဒီဇယ် ၁ လီတာ ၁၀၁၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၁၀၂၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၀၁၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၁၀၀ ကျပ်အထိ ဆက်လက်မြင့်တက် နေခြင်းကြောင့် Taxi ယာဉ်မောင်းအချို့ လုပ်ငန်းရပ်နားထားသူတွေလည်းရှိကြောင်း သိရသည်။

    မော်လမြိုင်မြို့ပေါ်အတွင်း Taxi ယာဉ်မောင်းတစ်ဦးက “ အခက်အခဲက တော်တော်များများပေါ့ဗျာ ဆီဈေးတက်လို့တွက်ချေမကိုက်တာရယ် နိုင်ငံရေးအခြေအနေလည်းမတည်ငြိမ်တော့ လူတွေ အသွားအလာနည်းတာရယ် ရာသီဥတုလည်းပူတာကြောင့် ခဏ ရပ်နားထားတဲ့သဘောပေါ့” ယာဉ်မောင်းကပြောသည်။

    ယမန်နေ့ ပြည်တွင်းရွှေဈေးအပိတ်မှာ ၁,၅၇၀,၀၀၀ ဝန်းကျင်အထိကျဆင်းလာသော်လည်း အမေရိကန် ၁ ဒေါ်လာ ၁၆၈၀/၁၇၀၅ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀. ၅/ ၅၂.၅ ကျပ်အထိ စျေးနှုန်းပေါက်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks