spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစကကောင်စီ၏ NSPNC နှင့် အပစ်ရပ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တွေ့ဆုံ

    နစကကောင်စီ၏ NSPNC နှင့် အပစ်ရပ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တွေ့ဆုံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၇)

    နစကကောင်စီ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ မေလ ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

    တွေ့ဆုံဆွေးနွေးပွဲကို ALP မှ ဒေါ်စောမြရာဇာလင်း ဦးဆောင်တက်ရောက်ပြီး နစကစစ်ကောင်စီမှ  ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့်ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)နှင့် မွန်ပြည်သစ်ပါတီ NMSP တို့သည်လည်း နေပြည်တော်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့် ဦးဆောင်သည့် NSPNC နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

    ၎င်းတွေ့ဆုံဆွေနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းက ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ALP မှ တာဝန်ရှိပုဂ္ဂိုလ်ထံ မွန်သတင်းအေဂျင်စီမှ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    သို့ရာတွင် ပြည်ထောင်စုအဆင့်တွင် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးထားသည့်အတိုင်း ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    NCA လက်မှတ်ရေးထိုးထားသော အပစ်ရပ် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးတွင် နစကစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း တစ်ဖွဲ့ချင်းအနေဖြင့် သီးခြားစီတွေ့ဆုံခွင့်ရှိကြောင်း PPST ပြောဆိုထားသည်။

    NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး (ABSDF)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks