Wednesday, March 11, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းကျောင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၀ ရာခိုင်နှုန်းခန့်မတက်ရောက်ဟုဆို

    ကျောင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၀ ရာခိုင်နှုန်းခန့်မတက်ရောက်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ ( ၁၄ မေ ၂၀၂၁)

    ယခုအခါ မော်လမြိုင်တက္ကသိုလ်ကျောကျောင်းသူ၊ ကျောင်းသား ဦးရေ ၇၀ ရာခိုင်နှုန်းခန့် ခန့်မတက်ရောက်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

    “ပျမ်းမျှအားဖြင့်တော့ Day ကျောင်းသားသီးသန့်ပေါ့ အဝေးသင်မပါဘူး Day ကျောင်းသီးသန့် ၁၀ ,၀၀၀ ကျော် ၂၀,၀၀၀ နီးပါးမှာ ရှိတယ်။ CDM လုပ်တဲ့ကတော့ ရာခိုင်နှုန်းအားဖြင့်ဆိုလို့ရှိရင် ၇၀ ရာခိုင်နှုန်းလောက်မှာ ရှိတယ်ပေါ့နော်”ဟု အဆိုပါကျောင်းသားခေါင်းဆောင်က ပြောသည်။

    တက္ကသိုလ်ကျောင်းများ ပြန်မဖွင့်မီ ကျောင်းသူ ကျောင်းသားများ ကျောင်းပြန်မတက်ကြရန်နှင့် ဆရာ၊ ဆရာမများကိုလည်း CDM ဆက်လုပ်ကြဖို့ တိုက်တွန်းမှုများရှိနေကြောင်း Online ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။

    မော်လမြိုင်တက္ကသိုလ် ဥပဒေနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက “ကျောင်းတော့ မတက်ဖြစ်သေးဘူး၊ သူငယ်ချင်းတွေလည်းမတက်သေးတော့ ကိုယ်လည်းမတက်ရဲသေးဘူး၊ ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ခံစားရတယ် အာ့ကြောင့် ရွာမှာပဲ မိဘတွေဝိုင်းကူပြီး နေနေရတာပေါ့” ဟု ဆိုသည်။

     စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မော်လမြိုင်တက္ကသိုလ်ဌာနအသီးသီးမှ ဆရာ၊ ဆရာမ ၁၂၆ ဦးကို မေလ ၃ ရက်နေ့မှစ၍ တာဝန်မှယာယီရပ်ဆိုင်းကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က ပြီးခဲ့သည့်မေလ ၆ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။

    ထို့အပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ပြီးသူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာထားပြီး မေလ ၁၁ ရက်မှ ဇွန်လ ၁၄ ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်လွှာများ လက်ခံမည်ဖြစ်ကြောင်း မေလ ၅ ရက်နေ့က ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာမှ ထုတ်ပြန်ကြေညာထားသည်။

    တဖက်တွင်လည်း တက္ကသိုလ် ကောလိပ်များအားလုံး ပြန်လည်ဖွင့်လှစ်ရာတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန်စီစဉ်လျှက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၀/၂၀၂၁) သတင်းတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks