Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးPNLO ဂုဏ်ထူးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဆက်သွယ်မေးမြန်းချက်

    PNLO ဂုဏ်ထူးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ (၁၃ မေ ၂၀၂၁)

    မေး-စစ်ကောင်စီကဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPCနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အခြားအဖွဲ့တွေ တွေ့ဆုံနေတာရှိတယ်။ ဗိုလ်မှူးကြီးတို့ PNLO အနေနဲ့ တွေ့ဆုံသွားဖို့ရှိလား?

    ဖြေ-ကျွန်တော်တို့တော့ ဖိတ်တာတို့ ဘာတို့ သတင်းမကြားသေးဘူးဗျ။ ဘာမှသတင်းမကြေားသေးတော့ ဘာမှ မပြောနိုင်သေးဘူးပေါ့ဗျာ။ မဖိတ်သေးဘူးနဲ့တူတယ်။ သတင်းမရသေးဘူး။ ကျွန်တော်တို့က ထိုင်းနိုင်ငံဖက် ရောက်နေတော့ အထဲမှာတော့ ကျွန်တော်တို့ ဥက္ကဌတို့၊ အတွင်းရေးမှူးတို့တော့ ကျန်တယ်။ သူတို့ဆီက ဘာမှ သတင်းပို့တာ မကြားရသေးဘူး။ ဘာကြောင့်လည်းဆို‌တော့ ဖိတ်တဲ့အချိန်မှာမှ သွားသင့် မသွားသင့်ဆိုတာ ကျွန်တော်တို့က ဆုံးဖြတ်တာကို ဘာမှမဖိတ်ဘူးဆိုရင်တော့ ကျွန်တော်တို့က စပြီးတော့ တွေ့ချင်တယ်၊ သွားချင်တယ်ဆိုတာတော့ မရှိပါဘူး။ ဒါကတော့ တဖက်သတ်ပေါ့လေ။ PNLO ဖက်က စတင်ပြီးတော့ တွေ့ဆုံဖို့တော့ အကြောင်းမရှိပါဘူး။

    မေး-တကယ်လို့ စစ်ကောင်စီဖက်က ဖိတ်ခဲ့တယ်ဆိုရင်ရော သွားတွေ့မှာလား?

    ဖြေ-သွားသင့်မသွားသင့် တိုင်ပင်ရမှာပေါ့။ အဲဒီအချိန်မှာ အစည်းအဝေးနဲ့ ဆုံးဖြတ်မယ်။ ဖိတ်ခဲ့ရင် ဗဟိုကော်မတီ အရေးပေါ်ခေါ်ပြီး ဆုံးဖြတ်ရမှာပေါ့ဗျာ၊ အဲတာတော့ မဖိတ်သေးဘူးဆိုတော့ ဘာမှ မလိုသေးဘူးပေါ့။

    မေး-NCA လက်မှတ်ရေးထိုးထားတဲ့ DKBA၊ KNU/KNLA(PC)၊ မွန်ပြည်သစ်ပါတီတို့တွေ့ဆုံခဲ့ကြပြီပြီပေါ့လေ။ ဒီနေ့လည်း ALP နဲ့ တွေ့ဆုံတယ်လို့ သိရတာပေါ့လေ?

    ဖြေ-ဟုတ်ပါတယ်။ ALP လည်း တွေ့ဖို့ ရှိပါတယ်၊ ကျွန်တော်တို့ သတင်းကြားပါတယ်။ အဲတာက တစ်ဖွဲ့ချင်းရဲ့ ပြဿနာပါ။ တစ်ဖွဲ့ချင်းရဲ့ Bilateral ပေါ့နော်၊ အဲဒီမှာ ရှိနေတဲ့ သဘောတူညီချက်တွေကို Bilateral နည်းအရ ဖြေရှင်းတဲ့ဟာကိုတော့ ကျွန်တော်တို့ PPST က ခွင့်လွတ်ထားတယ်လေ၊ သဘောတူထားတယ်။ NCA အရ လုပ်တဲ့ဟာတွေတော့ ရပ်ထားတယ်။ Bilateral အရ ရှိတဲ့ဟာတွေကို အကောင်အထည်ဖော်မယ်ဆိုရင်‌တော့ လွတ်လပ်စွာလုပ်နိုင်တယ်လို့ ပြောထားတာကို။ အဲလိုတော့ ရှိပါတယ်။

    မေး-ကျွန်တော်တို့ ကြားရတဲ့ သတင်းအရ ALP နဲ့က ဒီနေ့တွေ့တယ်လို့ ကြားရတာပေါ့လေ ဆရာတို့ရော ဘယ်လို ကြားမိလဲ?

    ဖြေ-ALP ကတော့ ဖိတ်ရင်တော့ သွားမယ်လို့ ကြားတာပဲ။ ဒါပေမယ့် ခေါင်းဆောင်ကိုယ်တိုင်မသွားပဲနဲ့အလယ်အလတ်ခေါင်းဆောင် ဖြစ်နိုင်တယ် နောက်ပြီးတော့ ခေါင်းဆောင်ဆိုတာက ဒုတိယဥက္ကဌ စိုးနိုင်အောင် သူကတော့ သွားမယ်ဆိုရင်တောင် သူမပါဘူး။ သူကတော့ အကြံပြုထားတာပေါ့ အဲလိုမျိုးပဲ တွေ့မယ် အကြံပြုတဲ့နေရာမှာ ဘာတွေပါလည်း ကျွန်တော်လည်း မသိတော့ဘူး။ သူတို့ မဲဆောက်မှာရှိတော့ သူတို့ကို မေးလို့ရပါတယ်။ သူတို့လည်း သူတို့ ကောင်းမယ်ထင်တဲ့ အချက်တွေ သွားပြီးတော့ အကြံပေးတာတို့ သွားတောင်းဆိုတာတို့ လုပ်မှာပေါ့ဗျာ၊ ကျွန်တော်ထင်တာကတော့ သွားမယ်ဆိုရင်တောင်မှ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ သွားပြောမယ့် သဘောမျိုးပေါ့ဗျာ၊ ကျွန်တော်ကြားတာတော့ အဲဒီလိုပဲ ကြားတာပါ။ နဂိုကတည်းကိုက PPST က နိုင်ငံရေး စစ်ရေးသဘောမျိုးမဟုတ်တော့ ကိုယ့်အဖွဲ့အစည်းက ကိုယ်လွတ်လပ်စွာ လုပ်နိုင်တယ် အဲလိုပြောထားတာ။ တချို့ နေပြည်တော်မှာသွားတွေ့တာ ရှိသလိုပဲ၊ တချို့ကျတော့လည်း အလွတ်သဘောပေါ့ဗျာ ဖုန်းလိုင်းနဲ့ ဘာနဲ့ ပြောဆိုတာ ရှိနိုင်တယ်။ နောက် ဆက်သွယ်ရေးရုံးတွေကနေ တဆင့် အောက်ခြေပြဿနာတွေကို ရှင်းတာရှိနိုင်တယ်။ လုံးဝ ရာခိုင်နှုန်းပြည့် close out လုပ်ထားတာတော့ မရှိဘူး။ communication လိုင်းကတော့ ရှိနေတယ်ပေါ့ ဖွင့်ထားတယ်ပေါ့။ 

    (ပြီး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks