spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဘုန်းတော်ကြီးတစ်ပါးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိ

    ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဘုန်းတော်ကြီးတစ်ပါးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ မေ ၉)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အထကကျောင်းအနီးတွင် ယနေ့နံနက်စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ဆွမ်းခံဆင်းသည့် ဘုန်းတော်ကြီးတစ်ပါး ညာဘက်လက်မောင်း ထိမှန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။

    “တောင်ခြေတိုင်တစ်ရာကျောင်းက ဘုန်းတော်ကြီးတွေ ဆွမ်းခံဆင်းလာတယ် မနက် ၅ နာရီခွဲကျော်ကျော်လောက်မှာ အဲဒီနေရာအရောက် ပေါက်ကွဲတယ်၊ အထက်တန်းကျောင်း ဆရာမအဆောင်နဲ့ လမ်းဆုံအနီး လမ်းမြေသားဘောင်နံရံဘေးမှာ ဗုံးကိုမြှုပ်ထားပုံရတယ် အဲမှာပေါက်ကွဲတော့ ဘုန်းတော်ကြီးလက်မောင်းနည်းနည်းရှပ်ထိသွားတော့ သွေးနည်းနည်းပါးထွက်တယ် ဆေးရုံမှာ ဆေးသွားထည့်ပြီး ကျောင်းကိုပြန်သွားတယ်” ဟု ကာယကံရှင်နှင့်နီးစပ်သည့် ဘုန်းတော်ကြီးတစ်ပါးက ဆိုသည်။

    အလားတူ ပြီးခဲ့သည့် မေလ ၆ ရက်နေ့ ညပိုင်းအချိန်တွင်လည်း အဆိုပါ ဘုရားသုံးဆူမြို့ အစိုးရအထက်တန်းကျောင်းအနီးအနားမှ ပြင်းထန်သောပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

    ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်ပညာရေးမှူးရုံးရှေ့နှင့် ဆေးရုံဝင်းနေရာတို့တွင် မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း သတင်းရရှိသည်။

    သို့ရာတွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သူမျှ တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုမှုများ မရှိသေးပေ။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks