spot_img
Friday, February 20, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းနစကတွင် MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီဝင်တို့ အစုလိုက်အပြုံလိုက် ထပ်မံနုတ်ထွက်

    နစကတွင် MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီဝင်တို့ အစုလိုက်အပြုံလိုက် ထပ်မံနုတ်ထွက်

    -

    မွန်သတင်းအေဂျင်စီ(၂၇ မတ် ၂၀၂၁)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) တွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီများနှင့် မြို့နယ်ကော်မတီများအပါအဝင် (၃၃) ဦး အစုလိုက်အပြုံလိုက် နုတ်ထွက်စာထပ်မံတင်လိုက်သည့်အတွက် ယခုလအတွင်း အမာခံပါတီဝင်စုစုပေါင်း (၅၀) ဦးဝန်းကျင်ခန့် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တွေ့ရှိရသည်။

    MUP ဗဟိုတွဲဖက်အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ မင်းကြည်ဝင်းနှင့် နိုင်စိုးမြင့်တို့အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာမင်းစိုးလင်း၊ ၂၀၂၀ ရွေးချယ်ခံ ပြည်နယ်လွှတ်တော်အမတ် နိုင်မွန်ရာဇာ တို့ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင် (၁၁) ဦးနှင့် မြို့နယ်အမှုဆောင် (၇) ဦး စုစုပေါင်း (၃၃) ဦးတို့ ယမန်နေ့က ထပ်မံနုတ်ထွက်လိုက်ခြင်း ဖြစ်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တွင် MUP ပါဝင်နေမှုအား မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် ဗဟိုကော်မတီ ၃ ပုံ ၂ ပုံ ထောက်ခံမဲဖြင့်အတည်ပြုခဲ့ပြီးနောက်ပိုင်း ဗဟိုကော်မတီဝင် ၂၁ ဦး နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ 

    အလားတူ နစကအဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်စေလွှတ်ရန် MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖေဖော်ဝါရီလ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့အပြီး CEC အဖွဲ့ဝင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ကနဦး နုတ်ထွက်စာတင်ခဲ့ကြောင်း၊ မတ်လ ၂၄ ရက်နေ့တွင်လည်း MUP ဗဟိုကော်မတီ ၅ ဦးနှင့် မြို့နယ်အဆင့် ပါတီဝင်အချို့တို့၏ နုတ်ထွက်စာများကို လူမှုကွန်ရက်ပေါ်မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

    မြန်မာ့နိုင်ငံရေး အကြပ်အတည်းနှင့် အခင်းအကျင်းတွင် မွန်ညီညွတ်ရေးပါတီ၏ ဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ ပါတီမူဝါဒလမ်းစဉ်နှင့် လုံးဝ(လုံးဝ) ဆန့်ကျင်နေပါသဖြင့် ပါတီ၏တာဝန်အဆင့်ဆင့်မှလည်းကောင်း ပါတီဝင်အဖြစ်မှလည်းကောင်း နုတ်ထွက်ကြောင်း အထက်ဖော်ပြပါ မိတ္တူစာများကို Online ပေါ်တွင် တွေ့ရှိရသည်။

    ယခင် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်းများ ပေါင်းစည်း၍ ဗဟိုကော်မတီဝင် ၁၄၀ ဦးရွေးချယ်ခဲ့သည့်အထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦးတို့ဖြင့် မွန်ညီညွတ်ရေးပါတီကို ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    မွန်ညီညွတ်ရေးပါတီအနေဖြင့် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) နေရာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

    MUP ECE Meeting-MNA

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks