Friday, April 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းCDM နှင့်ပတ်သက်၍ မော်လမြိုင် တက္ကသိုလ်ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ ခံဝန်ကတိလက်မှတ်ရေးထိုး

    CDM နှင့်ပတ်သက်၍ မော်လမြိုင် တက္ကသိုလ်ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ ခံဝန်ကတိလက်မှတ်ရေးထိုး

    -

    မွန်သတင်းအေဂျင်စီ (၂၃ မတ် ၂၀၂၁)

    မော်လမြိုင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရုံးဝန်းထမ်းများအား အမိန့်အာဏာဖီဆန်ရေး CDM ပြုလုပ်သည် သို့မဟုတ် မပြုလုပ်ခဲ့သည်ကို မတ်လ ၂၀ ရက်နေ့က ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် ဝန်ထမ်းအချို့ထံမှ သိရသည်။

    ထိုသို့ ခံဝန်ချက်ရေးပြီး CDM မပြုလုပ်သူများအနေဖြင့် မတ်လ ၂၂ ရက်နေ့က စတင်ပြီး ရုံးပြန်တက်ရန် ညွန်ကြားထားပြီး CDM ပြုလုပ်သူများကို ယခုလမှ စတင်ပြီး လစာပေးတော့မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားကြောင်း ဆိုသည်။

    “ဆရာ၊ ဆရာမ အများစုကတော့ CDM လုပ်ကြတယ်။ CDM လုပ်တဲ့သူရော၊ မလုပ်တဲ့သူရော စာတင်ရတယ်။ CDM လုပ်တဲ့သူဆိုရင် လုပ်ကြောင်းစာတင်ခိုင်းတယ်။ လုပ်တဲ့သူတွေကို လစာမပေးဘူးဆိုပြီးတော့ တရားဝင် စာထွက်လာပြီ။ နေအိမ်လိုင်းခန်း ကနေပြီးတော့ ဖယ်ခိုင်းမလားဆိုတာကတော့ စိုးရိမ်နေရတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ကျောင်းဝင်းအတွင်းက ဝန်ထမ်းအိမ်ရာများမှာ နေထိုင်လျက်ရှိပြီး CDM ပြုလုပ်ကြောင်း ခံဝန်ချက် ရေးထိုးထားသည့်ကျောင်းဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းအိမ်ရာများမှ ပြောင်းရွေ့ရမည့်အရေးကိုလည်း စိုးရိမ်နေမိကြောင်း ၎င်းက ဆက်ပြောသည်။

    မော်လမြိုင်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာများနှင့် ရုံးဝန်ထမ်း အများစုမှာ စစ်အာဏာရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုတွင် အများစု ပါဝင်နေကြောင်း ၎င်းထံမှ သိရသည်။

    မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှလည်း CDM မှာ ပါဝင်လှုပ်ရှားနေသည့် ဆရာ၊ ဆရာမတွေကို ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်ပြီး ရုံးပြန်တက်ခိုင်းခြင်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks