Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင် ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ဖွင့် ငွေလာထုတ်သူများပြား

မော်လမြိုင် ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ဖွင့် ငွေလာထုတ်သူများပြား

-

မွန်သတင်းအေဂျင်စီ (၁၇ မတ် ၂၀၂၁)

မော်လမြိုင်မြို့တွင် ယနေ့မတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ဖွင့်လှစ်ခဲ့ရာ ငွေလာထုတ်သူ အလွန်များပြားလျှက်ရှိကြောင်း ငွေလာထုတ်သူတစ်ဦးက ပြောသည်။

ငွေလာထုတ်မည့်သူများကို တိုကင်စနစ်ဖြင့် အလှည့်ကျဆောင်ရွက်ပေးနေပြီး စစ်သားနှင့် ရဲများက လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း တွေ့ရှိရသည်။

ငွေလာထုတ်သူတစ်ဦးက “ငွေလာထုတ်တဲ့သူတွေကို အပြင်မှာနေခိုင်းပါတယ်၊ နာမည်ပေးရတယ် နာမည်ခေါ်မှ သွားရတယ်။ ပြီးတော့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရတယ်၊ ဘဏ်စာအုပ်တစ်အုပ်ဆိုရင် သိန်း ၂၀ ပဲထုတ်ပေးတယ်” ဟု ဆိုသည်။

တပ်မတော် အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ရှိ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစု CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့်အတွက် ဘဏ်အများစုမဖွင့်လှစ်နိုင်သေးကြောင်း၊ သို့ရာတွင် ကမ္ဘောဇဘဏ်ခွဲ (၂) တစ်ခုသာ ယနေ့ဖွင့်လှစ်ခဲ့သော်လည်း မော်လမြိုင်မြို့ပေါ်က ကျန်ပုဂ္ဂလိကဘဏ်များ ဆက်လက်ပိတ်ထားဆဲကြောင်း သိရှိရသည်။

အလားတူ နိုင်ငံတဝန်းရှိ ပုဂ္ဂလိကဘဏ် ၂၅ ခုကျော်ခန့်ရှိရာ ယနေ့အထိ ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် ငွေကြေးပုံမှန် လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 “ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကဘဏ်ကြီးများကို လုံခြုံရေးဆောင်ရွက်ပေးရန်နှင့် ဘဏ်များ ပြန်မဖွင့်နိုင်ပါက အရေးယူဆောင်ရွက်သွားရန်”  ဆုံးဖြတ်ခဲ့ကြောင်း ပြီးခဲ့သည့် မတ် ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြောင်းကြားစာတွင် တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts