Wednesday, April 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်ပေါ်တွင် ရဲနှင့်စစ်သားများက လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို တားဆီးစစ်ဆေး

    မော်လမြိုင်ပေါ်တွင် ရဲနှင့်စစ်သားများက လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို တားဆီးစစ်ဆေး

    -

    မွန်သတင်းအေဂျင်စီ (၁၁ မတ် ၂၀၂၁)

    မော်လမြိုင်မြို့ပေါ်တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရဲနှင့် စစ်သားလုံခြုံရေးတပ်ဖွဲ့ဝင်တို့ လမ်းသွားလမ်းလာ မော်တော်ကားနှင့်ဆိုင်ကယ်များကို တားဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းမီးပွိုင့်၊ မြို့ရှောင်လမ်းမကြီး၊ ဈေးကြိုအဝိုင်းအနီးတဝိုက်၊ ဈေးကြို ဖိုးလပြည့်ဆီဆိုင်၊ အထက်လမ်းမကြီး မွန်ပြည်နယ်လွှတ်တော်အနီးတို့တွင် တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း  သိရသည်။

    ကားစစ်ဆေးခံရသူတစ်ဦးက “မြို့လယ်ပန်းခြံရှေ့မှာ ဆိုင်ကယ်ရော ကားရော စစ်တယ်၊ ကျနော့်ကားကို တားပြီး ရပ်ခိုင်းပြီးတော့ ကားအဖုံးတွေ ကားအံဆွဲတွေ ဖွင့်ခိုင်းတယ် ကားထဲမှာရှိတာအားလုံး လှန်ပြီးတော့ စစ်တယ်၊ ပြီးတော့ ဖုန်းကိုလဲ ဖွင့်ခိုင်းတယ်” ဟု ပြောသည်။

    ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သထုံမြို့တွင်လည်း လမ်းသွားလမ်းလာများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့များတွင်လည်း မြို့အဝင်အထွက် ဂိတ်များ၌ ရဲနှင့် စစ်သားများက ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အချို့နယ်မြို့များတွင်လည်း လမ်းသွားလမ်းလာများကို တားဆီး၍ ဖုန်းများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    လူဦးရေးသိန်းသန်းနှင့်ချီသော ပြည်လုံးကျွတ် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် မြို့အဝင်အထွက်ဂိတ်များ၌ စစ်သားနှင့်ရဲများ အင်အားတိုးချထားပြီး ခရီးသွားများအား စစ်ဆေးမှုများလုပ်ဆောင်လာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks