spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းပုဒ်မ ၅၀၅ တရားစွဲဆိုခံရမှုကြောင့် မြို့နယ်အဆင့် NLD ခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီး အချို့ထွက်ပြေးတိမ်းရှောင်နေရ

    ပုဒ်မ ၅၀၅ တရားစွဲဆိုခံရမှုကြောင့် မြို့နယ်အဆင့် NLD ခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီး အချို့ထွက်ပြေးတိမ်းရှောင်နေရ

    -

    စိုင်းထွန်းစံ(၂၆ ဖေဖော်ဝါရီ ၂၀၂၁)

    အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရသောကြောင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အဆင့်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

    သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီတွင် မြို့နယ်ထွေအုပ်ရုံးသို့ ၎င်းအမျိုးသားနှင့်အတူ သွားရောက်စဉ် ဖမ်းဆီးခြင်းခံလိုက်ရသည်။

    ထို့အပြင် ဘီးလင်းမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်သိရီရတနာ (အမျိုးသားလွှတ်တော်) နှင့် ဦးကျော်မျိုးမင်း (ပြည်နယ်လွှတ်တော်) တို့၏ နေအိမ်အသီးသီးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးခဲ့ရာ ၎င်းတို့အားမတွေ့ရှိခဲ့ရပေ။

    အလားတူ သံဖြူဇရပ်မြို့ပေါ် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူ NLD အဖွဲ့ဝင်အချို့ကိုလည်း ပုဒ်မ ၅၀၅ တရားစွဲဆိုပြီး အာဏာပိုင်များ လိုက်လံဖမ်းဆီးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ 

    မွန်ပြည်နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းဝန်ကြီး ဦးထွန်းမင်းအောင်ကိုလည်း “ CDM ကြောင့် နစ်နာမှုရှိခဲ့သည့်ဝန်ထမ်းများကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမည်” ဟူသည့် ထုတ်ပြန်ချက်ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရပြီး သက်ဆိုင်ရာမှ လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု သိရသည်။

    ယခုအခါ မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တစ်ဦးတည်းကိုသာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျန်ပြည်နယ်အစိုးရဝန်ကြီးများအား မိမိနေအိမ်သို့ ခံဝန်ချုပ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks