spot_img
Monday, February 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းကြောင်း တပ်ချုပ်ရုံး ထုတ်ပြန်

    နိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းကြောင်း တပ်ချုပ်ရုံး ထုတ်ပြန်

    -

     မင်းအစိုင်း (၂၉ ဇန်နဝါရီ ၂၀၂၁)

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီ ၂၈ရက်အထိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်လိုက်သည်။

    ဇန်နဝါရီ ၂၈ ရက်နေ့ အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတို့အတွက် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ အပစ်ရပ် သက်တမ်းတိုးမြှင့်သည်ဟု ဖော်ပြထားသည်။

    အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အရင်ကလည်း ဒီအတိုင်းပဲ ထုတ်ထားတယ်ပေါ့နော်၊ အဲလိုထုတ်ပေမယ့် ရံဖန်ရံခါတော့ ထိုးစစ်ဆင်မှုတွေရှိတယ်၊ ပြန်ကြည့်မယ်ဆိုရင်တော့ တောက်လျှောက်ထုတ်တာရှိတယ်၊ အဓိကတော့ ထုတ်ပြန်မှုအတိုင်း မြေပြင်မှာ လိုက်နာမှုရှိသွားရင် မြေပြင်မှာ တကယ် မဖြစ်တော့ရင်တော့ ကောင်းတာပေါ့နော်၊ လူထုတွေအတွက် တိုက်ပွဲရှောင်ရတဲ့ ဒုက္ခက ကင်းဝေးတာပေါ့” ဟု ပြောသည်။

    တပ်မတော်အနေဖြင့် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသလို မိမိတို့ မြောက်ပိုင်း မဟာမိတ်အနေဖြင့်လည်း စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကြောင်း ထုတ်ပြန်လျှက်ရှိသဖြင့် လတ်တလော မြေပြင်တွင် ထိတွေ့တိုက်ပွဲများ လျှော့ချသွားပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် နည်းလမ်းများ ရှာဖွေ့သင့်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

    တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆက်လက်ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ ဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျှက်ရှိသည်။

    ထို့အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက် အပစ်ရပ်ကာလကို အကျိုးရှိစွာအသုံးချပြုပြီး ညှိနှိုင်းဆွေးနွေးကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း တပ်မတော်မှ တိုက်တွန်းထားသည်။

    ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံအစိုးရက ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

    တပ်မတော်ကာကွယ်ရေးဦးစီးရုံးက ထုတ်ပြန်ကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း AAကို အကြမ်းဖက်အဖွဲ့အစည်းမှ မပယ်ဖျက်ရသေးသည့်အတွက် တွေ့ဆုံဆွေးနွေးရေးတွင် အခက်အခဲများ ကြုံတွေ့စေနိုင်သည်ဟု ဆိုသည်။

    ထို့အတူ တပ်မတော်၏ အပစ်ခတ်ရပ်စဲရေးကြေညာရာတွင် အကန့်အသတ်ရှိနေပြီး AA ကို အကြမ်းဖက် ပယ်ဖျက်ပေးပြီး အကြွင်းမဲ့ စစ်ရပ်စဲမှုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် ကြေညာစေချင်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

    မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင်(တအာင်း)ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA)နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA) တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks