Wednesday, March 11, 2026
More
    spot_img
    Homeသတင်းရေးမြို့တွင် ဆရာဝန်တစ်ဦးနှင့် လူငယ် ၃ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

    ရေးမြို့တွင် ဆရာဝန်တစ်ဦးနှင့် လူငယ် ၃ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၃၀ ဒီဇင်ဘာ ၂၀၂၀)

    ရေးမြို့ပြည်သူဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်တစ်ဦး၏ နေအိမ်အခန်းမှ လူငယ်(၃) နှင့်အတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း ရေးမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

    “သတင်းရရှိပြီး ကျနော်စခန်းကအဖွဲ့တွေ ဆေးရုံဝင်းက သက်သေဝန်ထမ်းတွေနဲ့ ဝင်ရောက်စစ်ဆေးတော့ မူးယစ်ဆေးဝါးတွေနဲ့ မိတာပါ၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ရေးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောသည်။

    ရေးမြို့ အောင်မေတ္တာရပ်ကွက် ကျန်းမာရေးဝန်ထမ်းယာရှိ‌ လက်ထောက်ဆရာဝန် ဒေါက်တာပြည့်ဦးကျော် (၂၈ နှစ်) ၏ နေအိမ်အခန်းအား ရဲများဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လူငယ်(၃)ကိုတွေ့ရှိရပြီး အိမ်ခန်းအတွင်း WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၇)ပြား၊ R စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆)ပြား စုစုပေါင်ဆေးပြား(၃၃)ပြားကို တွေ့ရှိပြီး ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

    “ကျနော်တို့ကျန်းမာရေးနဲ့ ပက်သက်ပြီးအရမ်းအားကိုးရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်မှာ မူးယစ်ဆေးဝါးမိတာကို အံ့လည်းအံ့ဩမိတယ် ယူကျုံးမရလည်းဖြစ်တာ ပေါ့နော်၊ မူးယစ်ဆေးဝါးပျံ့နှံမှုတွေ ရေးမှာကျယ်ပြန့်လာတယ်၊ ပိုက်ဆံ ၃-၄ ထောင်နဲ့ မူးယစ်ဆေးဝါးသုံးလို့ရလာတယ်၊ လူငယ်တွေရဲ့ လက်တစ်ကမ်းမှာ မူးယစ်ဆေးဝါးတွေရှိနေတာ စိုးရိမ်စရာအရမ်းကောင်းပါတယ်”ဟု ရေးမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဇော်မျိုးမင်း(ခ)ကိုဘမင်း က ပြောသည်။

    အဆိုပါ ယစ်ဆေးဝါးတွေ့ရှိမှုနှင့်ပက်သက်၍ ဒေါက်တာပြည့်ဦးကျော်၊ ကောင်းစည်သူ(၂၂)နှစ်၊ အောင်ထွေးဦး(၂၅)နှစ်၊ မိုးလင်းဦး(၁၈)နှစ်တို့အား ရေးမြို့မရဲစခန်းမှမယ (ပ)၆၇/၂၀၂၀၊မူး/စိတ်ပြောင်: ပုဒ်မ- ၁၉ (က)/၂၁အရ အမှုဖွင့် အရေးယူထားရှိသည် ဟုဆိုသည်။

    မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ  မူးယစ်ဆေးဝါး (၇၇၁)မှု ဖမ်းဆီးခဲ့ရပြီး ၂၀၁၉ ခုနှစ်အတွင်း (၄၆၀)မှု ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks