spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကရုပ္ပိကျေးရွာတွင် ဘိလပ်မြေအိတ်ဖြင့်ဘိန်းစာရွက်သယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီးရမိ

    ကရုပ္ပိကျေးရွာတွင် ဘိလပ်မြေအိတ်ဖြင့်ဘိန်းစာရွက်သယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၉ ဒီဇင်ဘာ ၂၀၂၀)

    သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ကုန်းမြင့်သာယာသွားလမ်းပေါ်တွင် ဘိလပ်မြေအိတ်ဖြင့် ဘိန်းစာရွက်များ သယ်ဆောင်လာသူတစ်ဦးကို ဒီဇင်ဘာလ(၂၈)ရက်နေ့ ညပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။

    “သတင်းအရ ကျနော်တို့မြို့မစခန်းကအဖွဲ့တွေနဲ့ ကရုပ္ပိရဲကင်းစခန်းကအဖွဲ့တွေ ပေါင်းပြီးစောင့်ဖမ်းကြတာပေါ့၊ဘိန်းစာရွက် ၂ ပိဿာ လောက်နဲ့မိတယ်၊ အခုတော့ အမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားပါတယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်က ပြောသည်။

    ကုန်းမြင့်သာယာကျေးရွာနေ  ကျော်ကေး(၃၀)နှစ်သည် ဘိလပ်မြေတစ်အိတ်ကိုထမ်း၍ လမ်းလျှောက်လာသည်ကို ရဲတပ်ဖွဲ့ဝင်များတွေ့ရှိပြီးစစ်ဆေးရာ ဘိန်းစာရွက်(၅)စီး အလေးချိန် ၂ ပိဿာခန့်ကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

    အခုလိုဘိန်းစာရွက်များ ဖမ်းဆီးရမိသည့်အပေါ် ကရုပ္ပိဒေသခံ ကိုချမ်းတွဒ် က”မူးယစ်ဆေး ဖမ်းတာကောင်းတယ်ပေါ့၊ များများဖမ်းလေ ကောင်းလေပေါ့နော်၊ ကျနော်တို့ သားသမီးတွေလည်း ကြီးလာတော့မယ်၊အဲဒီမူးယစ်သားကောင်းတွေ မဖြစ်စေချင်ဘူးပေါ့ဗျာ”ဟု ပြောပါသည်

    ဘိန်းစာရွက်သယ်ဆောင်လာသူ ကျော်ကေး အား သံဖြူဇရပ် မြို့မရဲစခန်းမှ မယ (ပ)၇၁/၂၀၂၀ မူး/စိတ်ပြောင်းဥပဒေပုဒ်မ-၁၆(ဂ)ဖြင့် အမှု့ဖွင်လှစ်ပြီး အရေးယူထားရှိသည်ဟု သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks