spot_img
Thursday, March 5, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့ရွှေတောင်ကြားဟိုတယ်အရက်ဘားတွင် တပ်မတော်အရာရှိတစ်ဦး သေနတ် ၄ ချက်ပစ်ဖောက်

    ရေးမြို့ရွှေတောင်ကြားဟိုတယ်အရက်ဘားတွင် တပ်မတော်အရာရှိတစ်ဦး သေနတ် ၄ ချက်ပစ်ဖောက်

    -

    မွန်သတင်းအေဂျင်စီ (၂၉ ဒီဇင်ဘာ ၂၀၂၀)

    ရေးမြို့ ရွှေတောင်ကြားဟိုတယ်ဝင်းအတွင်းရှိ အရက်ဘားတွင် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအချိန်က ရေးမြို့နယ် NLD ဥက္ကဌပါဝင်သောစားပွဲဝိုင်းအား အနီးအနားတွင် မူးယစ်သောက်စားနေသော တပ်မတော်အရာရှိတစ်ဦး ပြဿနာရှာမိကာ သေနတ် ၄ ချက်ပစ်ဖောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ရေးမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးအေးက “ပထမ အရက်ခွက်ကိုပစ်ပေါက်တာ ကျနော်တို့ဝိုင်းကိုလာစင်ပါတယ် နောက်တခါစားပွဲကို မှောက်လှန်ချိန်မှာတော့ ဟင်းဖတ်တွေလာစင်တာမို့ မိတ်ဆက်တဲ့သဘောနဲ့ယဉ်ကျေးစွာနဲ့ အဲလိုမလုပ်ဖို့ကိုမေတ္တာရပ်ခံတာ ခင်ဗျားကဘာမို့လဲ ခင်ဗျားကိုထိလို့လား ဆိုပြီးပြသနာရှာတာပါ၊ အဖွဲ့အစည်းကို ရှာတာမဟုတ်ပါဘူး ကျနော့်ကိုရှာတာပါ သေနတ်နဲ့ ပထမနှစ်ချက်ကိုမိုးပေါ်ထောင်ပစ်တာပါ ဒုတိယနှစ်ချက်ကကျနော်တို့ကို စိတ်ဆိုးပြီးရမ်းပစ်တာပါ ကျနော်တို့အားလုံး ထွက်ပြေးတာ မို့ဘာမှထိခိုက်မှုမရှိတာပါ NLD နဲ့ စစ်တပ်နဲ့ ဘာမှမပတ်သက်ပါဘူး ပါစင်နယ်မူးယစ်သောင်းကြမ်းမှုပါ” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြသည်။ 

    ယင်းသို့ သေနတ် ၄ ချက်ပစ်ဖောက်ခဲ့ရာတွင် တစ်စုံတစ်ဦးအား ထိမှန်ခဲ့ခြင်းမရှိသော်လည်း ယင်းဖြစ်စဉ်အပေါ် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗျူဟာမှူးကိုယ်တိုင်လာရောက်တောင်းပန်ခဲ့ပြီး ထိရောက်စွာအရေးယူသွားမည်ဟု ကတိပေးသွားကြောင်း ဦးကျော်မိုးအေးက ဆိုသည်။

     “ဧည့်ခံပွဲသွားပါတယ် ကျနော်တို့ အားလုံး ၈ ယောက်ပါ၊ ချိန်းထားတာတစ်ခုကို စောင့်နေတာမို့ ညကိုးနာရီမှ ရောက်ပါတယ်၊ ဘာမှသောက်စားထားတာ မရှိသေးတဲ့အချိန်ပါ၊ ကျနော်တို့ရှစ်ယောက်ဝိုင်းနဲ့ သူတို့အရာရှိနှစ်ဦးရဲ့ဝိုင်းက ဆယ်နှစ်ပေခန့်ကွာပါတယ် မှာထားတာနောက်ကျမှုကို အကြောင်းပြုပြီး ဆိုင်ကိုပြသနာရှာတာပါ ကျနော်တို့ကိုပြသနာရှာတာမဟုတ်ပါဘူး ကျနော် NLD ဥက္ကဌဆိုတာလည်း သူတို့မသိပါဘူး”ဟု ဦးကျော်မိုးအေးက ရေးသားထားသည်။

    ရေးမြို့ပေါ်တွင် ယင်းကဲ့သို့ သေနတ်ပစ်ခတ်မှုများ မကြားရသည်မှာ ကြာပြီဖြစ်သည့်အတွက် ယခုဖြစ်ရပ်အပေါ် အနည်းငယ်တုန်လှုပ်မှုကြောင်း အခင်းဖြစ်ပွားစဉ် မြင်တွေ့ရသူ လူငယ်တစ်ဦးက ပြောသည်။

    “သေနတ်ပစ်တာ နဖူးတွေ့ ဒူးတွေ့ကြုံဖူးတာ ရင်တွေတောင် ဘယ်ကနေ တုန်နေမှန်းမသိ၊ ခုထိ တုန်နေတုန်း အိမ်ထဲဝင်ပြေးတန်းနေတာဘဲ လူကိုပစ်တာ မထိလိုက်ဘူး တော်သေး ဖမ်းဆွဲခင်လို့” ဟု ၎င်းက ဆိုသည်။

    ရေးမြို့သည် မော်လမြိုင်မြို့မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးနှင့် အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ် အခြေစိုက်ရာဒေသဖြစ်သည်။

    Photo-ရွှေတောင်ကြားဟိုတယ်ရှေ့(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks