spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူလမ်းခွဲ သက္ကော့လမ်းဆုံတွင် ဘိန်းစာရွက် (၅)ပိဿာခန့် ဖမ်းဆီးရမိ

    ဘုရားသုံးဆူလမ်းခွဲ သက္ကော့လမ်းဆုံတွင် ဘိန်းစာရွက် (၅)ပိဿာခန့် ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (သံဖြူဇရပ်၊ ၂၈ ဒီဇင်ဘာ ၂၀၂၀)

    သံဖြူဇရပ်မြို့နယ် ဘုရားသုံးဆူလမ်းခွဲ သက္ကော့လမ်းဆုံတွင် ဒီဇင်ဘာ (၂၇) ညနေပိုင်းအချိန်က ဘိန်းစာရွက် အလေးချိန် ၅ ပိဿာခန့် ဖမ်းဆီးရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

    “ကျနော်နေနဲ့ကတော့ တာဝန်ကျနေတဲ့ အခုသံဖြူဇရပ်မြို့မရဲစခန်းပိုင်နယ်မြေမှာ မူးယစ်ဆေးဝါးကို ရရင်ရသလိုဖမ်းသွားမယ်ပေါ့၊ ဒီနေ့လည်း ကျနော်ဦးစီးပြီးတော့ သက္ကော့လမ်းဆုံပေါ့နော် အဲ့မှာ ဘုရားသုံးဆူဘက်က လာတဲ့ယာဉ်တွေပိတ်ဆို့ရှာဖွေတော့ မူးယစ်မှုနှစ်မှု ဖမ်းမိတယ်၊ ဒီလိုပဲ ကျနော်တို့ထပ်ထပ်ပီးတော့ အရှိန်မြှင့် ကြိုးစားဖမ်းဆီးသွားမှာပါ”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှူး ဒုရဲမှူး မိုးမြင့်က ပြောသည်။

    ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ဘက်မှ သယ်ဆောင်လာသော မုဒုံမြို့နယ် ကလော့သော့ရွာလယ်ပိုင်းနေ  မင်းကိုမွန် (၃၁) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ယဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေသည့် သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဆိုင်ကယ်နောက်ခြင်းတောင်း (၂)လုံးအတွင်း ဘိန်းစာရွက် (၁၀) စီး အလေးချိန် ၅ ပိဿာခန့်ကို ရှာဖွေတွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

    “ဖမ်းတာကို ကြိုဆိုတယ်၊ မူးယစ်ဆေးဝါးဆိုတာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တားကိုတားရမယ်၊ ဒီမူးယစ်ဆေးဝါးဟာ အရင်ကနိင်ငံရေးလက်နက်အဖြစ် နယ်ချဲ့ခဲ့တာ၊ အခုလည်း ဒို့နိုင်ငံကိုသွယ်ဝိုက်ပီးတော့ မူယစ်ဆေးဝါး စစ်ဆင်ရေးလုပ်နေတာ၊ ဒို့နိင်ငံက စိတ်ဓာတ်အရမ်းကောင်းနေတဲ့အတွက် ဒို့နိင်ငံကို နယ်ချဲ့ချင် တဲ့လူတွေ ဝိသမစီးပွားရေးသမားတွေက ဒို့နိင်ငံရဲ့အနာဂါတ်လူငယ်တွေကို စိတ်ဓာတ်ရေးရာ ပျက်သုဉ်းသွားပြီး မူးယစ်ဆေးစွဲအောင်လုပ်တာ၊ဒါကြောင့် မူးယစ်ဆေးဝါးတွေကို တားဆီးနှိမ်နှင်းဖို့က ငါတို့လူသားတိုင်းရဲ့ တာဝန်ပဲ၊ဖမ်းဆီးမှု တောက်လျောက်လုပ်နေနိင်ရင် မပပျောက်သွားရင်တောင် လျော့ပါးသွားပါမယ်၊ဆက်ဖမ်းပါ ကြိုဆိုပါတယ်”ဟု သံဖြူဇရပ်မြို့ဒေသခံ အထက်တန်းကျောင်းအုပ်ကြီးဟောင်း ဦးစံသောင်း က ပြောကြားသည်။

    အခုလိုဖမ်းဆီးရမိသည့်ဖြစ်စဉ်အရ မင်းကိုမွန် အပေါ် သံဖြူဇရပ် မြို့မရဲစခန်းမှ မယ (ပ)၆၉/၂၀၂၀ မူး/စိတ်ပြောင်းဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှု့ဖွင်လှစ် ဖမ်းဆီးထားရှိသည်။

    ၂၀၂၀ ခုနှစ်အတွင်း သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း (၈၄)ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် သံဖြူဇရပ်မြို့မရဲစခန်းမှ(၆၉)မှု ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks