spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းချောင်းတောင်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသူ လင်မယား ၂ ဦးအား ဖမ်းဆီးမိ

    ချောင်းတောင်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသူ လင်မယား ၂ ဦးအား ဖမ်းဆီးမိ

    -

    မွန်သတင်းအေဂျင်စီ (၂၄ ဒီဇင်ဘာ ၂၀၂၀)

    ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က မူးယစ်ဆေးဝါးရောင်းချသူလင်မယား ၂ ဦးအား ဖမ်းဆီးမိကြောင်း ရေးမြို့မရဲစခန်းမှ သတင်းရရှိသည်။

    သတင်းအရ ချောင်းတောင်ကျေးရွာ ရပ်ကွက် (၅) နေ ဦးအောင်မြင့် (၅၃)နှစ်နှင့် ဒေါ်လှမြင့် (၄၈)နှစ်တို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြားကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

    “မူးယစ်တပ်ဖွဲ့စုက သတင်းရပြီး ဖမ်းဆီးတာပေ့ါ၊ ဆေးပြား ၂၀၀ နဲ့မိတယ်၊စစ်ဆေးတော့ သားဘုဆိုတဲ့ လူဆီကဝယ်ထားတယ်လို့ ထွက် ဆိုတယ်၊ သားဘု ဆိုတဲ့လူကို ထပ်မံဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်”ဟု ရေးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောသည်။

    လက်ရှိဖမ်းဆီးရမိသူ ဦးအောင်မြင့်နှင့် ဒေါ်လှမြင့်တို့အပြင် ထွက်ပြေးတိမ်းရှောင်နေသူ သားဘု (၃)ဦးတို့အား  မယ(ပ)၆၄/၂၀၂၀၊မူး/စိတ်ပြောင်းဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် ရေးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားသည်။

    “အဲဒီအိမ်က သတင်းထွက်နေတာကြာပြီး၊ ခုမှ ဖမ်းကြတာ၊ မူးယစ်ဆေးဝါးကိုတော့ စီးပွားရေးမလုပ်သင့်ဘူးလေ၊ သားသမီးချင်းကိုယ်ချင်းစာသင့်ပါတယ်၊ အခုဟာက ကိုယ်အစားချောင်ရင်ပြီးရော ကျန်သူဘာဖြစ်ဖြစ်ဆိုတာမျိုး ဖြစ်နေတယ်၊ အဲဒီအတွက် အခုတော့ပြစ်ဒဏ်ခံရပြီးပေါ့”ဟု အမည်မဖော်လိုသူ ချောင်းတောင်ရွာသားတစ်ဦးက ပြောသည်။

    လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း ရေမြို့နယ်တွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၁၂၄)မှု ဖမ်းဆီးရမိခဲ့ပြီး ရေးမြို့မရဲစခန်းမှ(၆၄)မှု လမိုင်းနယ်မြေရဲစခန်းမှ(၃၇)မှု နှင့် ခေါဇာနယ်မြေရဲစခန်းမှ (၂၃)မှုတို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks