spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအစိုးရရော်ဘာခြံအတွင်း ငါးမျှားနေသူတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    အစိုးရရော်ဘာခြံအတွင်း ငါးမျှားနေသူတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၁၄)

    မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ အစိုးရရော်ဘာခြံအတွင်း ငါးမျှားနေသူတစ်ဦးထံမှ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းထံမှ စုံစမ်းရရှိသည်။

    ရဲတပ်ဖွဲ့ဝင်များ နယ်မြေလှည့်ကင်းဆောင်ရွက်နေချိန် ငါးမျှားနေသူ အဆိုပါရပ်ကွက်နေ ဝေယံထွန်း(၂၇)နှစ် ဆိုသူကို မသင်္ကာ၍စစ်ဆေးရာ ၎င်း၏ဘောင်းဘီတိုအတွင်း WY မူးယစ်ဆေး (၁၇)ပြား ကိုရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

    “ကျနော်တို့စခန်းကအဖွဲ့တွေ လှည့်ကင်းလုပ်နေချိန် ဖမ်းမိတာပေါ့၊မိတာက (၁၇)ပြားပါ၊ မူးယစ်ကိုတော့ ကျွန်တော်တို့တွေအမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တောက်လျှောက်ဖမ်းဆီးနေမှာပါ၊ ဟိုနေ့ကဆို ဘိန်းစာရွက်စိုက်ခင်းကြီးတစ်ခုလုံး ဖမ်းဆီးခဲ့တယ်၊ဟိုတစ်လောကလည်း ဘိန်းစာရွက်အပြည့်တင်လာတဲ့ ကားတစ်စီး အဘစ်ကျေးရွာမှာဖမ်းခဲ့တယ်၊ နည်းသည် များသည်မဟုတ် အကုန်ဖမ်းမှာပါ”ဟု မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မျိုးထွန်းက ဆိုသည်။

    အခုလိုဖြစ်စဉ်နှင့်ပတ်သက်၍ ဝေယံထွန်းအား မုဒုံမြို့မရဲစခန်းမှ မယ(ပ)၈၉/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၆(ဂ)ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်။

    “အခုလိုမူးယစ်ဆေးဝါးတွေ ဖမ်းမိတာကိုတော့ကြိုဆိုပါတယ်၊ မုဒုံမြို့နယ်ထဲမှာ မူးယစ်သားကောင်တွေ အရမ်းများနေပြီး၊ သုံးစွဲရဖို့အတွက် ငွေရှိသူတွေကခိုင်းလို့ လိုက်လုပ်ရင်း ဖမ်းမိတာလေးတွေ တွေ့ရတယ်၊ ကျနော်တို့အနေနဲ့တော့ ပင်ရင်းတွေများများ ဖမ်းမိစေချင်ပါတယ်”ဟု မြို့မ(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုကျော်သီက ပြောသည်။

    လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း မုဒုံမြို့နယ်၌ မူးယစ်ဆေးဝါးအမှုပေါင်း ၁၄၇ မှုဖမ်းဆီးရမိခဲ့ပြီး မုဒုံမြို့မရဲစခန်းမှ(၈၉)မှုနှင့် ကမာဝက်နယ်မြေရဲစခန်းမှ (၅၈)မှု ဖမ်းဆီးရမိခဲ့သည်ဟု မှတ်တမ်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks