spot_img
Sunday, May 19, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းသံဖြူဇရပ်မဲရလဒ်စာရွက်စာတမ်းများ UEC ထုတ်မပေးသဖြင့် MUP ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်

    သံဖြူဇရပ်မဲရလဒ်စာရွက်စာတမ်းများ UEC ထုတ်မပေးသဖြင့် MUP ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်

    -

    စိုင်းထွန်းစံ(ဒီဇင်ဘာ ၁၁-၂၀၂၀)

    သံဖြူဇရပ်မြို့နယ် မဲရလဒ်များရှင်းရှင်းလင်းလင်းသိလိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်မပေးသဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်သုံးဦးတို့ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

    “ပြည်ထောင်စုကော်မရှင်ကို ဆက်လက်တိုင်ကြားဖို့ကတော့ အခြေအနေမရှိတော့ဘူး။ ပြည်ထောင်စု ကော်မရှင်က အဲ့လိုအမိန့်ထုတ်ခဲ့တာကိုး။ အဲ့တော့ ပြည်ထောင်စုကော်မရှင်ကို တာဝန်ခံတဲ့ နိုင်ငံတော်သမ္မတ ထံတင်ပြရမည့် သဘောရှိတာပေါ့” ဟု သံဖြူဇရပ်မြို့နယ် မွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မင်းအောင်မြင့်စိန်က ပြောသည်။

    သံဖြူဇရပ် မဲဆန္ဒနယ်ရှိ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာ ၁၂ ရက်နေ့က စာပေးပို့တောင်းခံရာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ကူးယူခွင့်မရှိကြောင်း စာပြန်အကြောင်းလာသည်ဟု ဆိုသည်။

    “အချက်အလက် အချို့ရှိတယ် အဲတာတွေကို ခိုင်မာအောင်လုပ်ဖို့အတွက် စာရွက်စာတမ်းတောင်းတယ်။ သူတို့က မခိုင်မာရင်မတောင်းနဲ့ ဆိုတော့ ခိုင်မာနေမှတော့ ဘာလို့တောင်းတော့မှာလဲ။ ဟိုဘက်က တပ်ဘက်က တောင်းတာတော ဘာတွေ မသိဘူး။ ဒီတစ်ကြိမ်စဉ်စားထားတာ တိုင်ပင်ပြောဆိုထားကြတာက ရှိတဲ့အချက်တွေကြောင့် သံသယဖြစ်တယ်။ ဘယ်လိုဆက်လက်အရေးယူမလဲဆိုတာ သမ္မတရုံးကို စာတင်တာမျိုး ထုတ်ပြန်စာ ထုတ်တာမျိုး လုပ်သွားမယ်” ဟု MUP ပါတီမှ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းမြင့်ကျော်က ဆိုသည်။

    Photo-မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ(MNA)

    သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ဦးအောင်မြင့်စိန် (၂၉၆၉၁) မဲ၊ အမျိုးသားလွှတ်တော် အမှတ်(၈) တွင် ဦးနိုင်ဦး (၃၂၆၄၅) မဲ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) တွင် ဦးထွန်းမြင့်ကျော် (၁၂၃၁၈) မဲသာရရှိခဲ့သည်။

    မွန်ညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) တွင် နိုင်လယိတမက (၂၀၆၆၈) မဲဖြင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြင့်ဦးက (၂၂၆၃၀) မဲဖြင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဟိန်းက (၃၅၃၃၀)မဲ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါ်မြတ်သီတာထွန်းက (၃၅၀၂၈)မဲဖြင့် အနိုင်ရရှိခဲ့သည်။

    ထို့အတူ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားများ ကူးယူခွင့်တောင်းခံခြင်းသည် နိုင်ငံသားတစ်ဦး၏ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဥပဒေအရ ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုမှုဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် UEC အား တပ်မတော်က တုံ့ပြန်လိုက်သည်။ 

    တပ်မတော်က ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအချက်အလက်များကူးယူခွင့်ပြုရန် တောင်းဆိုချက်အပေါ် ဥပဒေနှင့်မညီဟုဆိုကာ လက်အောက်ခံ ကော်မရှင်အဖွဲခွဲများ ညွှန်ကြားမပေးနိုင်ကြောင်း UEC က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts