spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေးမော်လမြိုင်ခရိုင်တွင် ရွေးကောက်ပွဲအပြီး ၂၉ ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသူ ၁၀၀ ကျော်ရှိ

    မော်လမြိုင်ခရိုင်တွင် ရွေးကောက်ပွဲအပြီး ၂၉ ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသူ ၁၀၀ ကျော်ရှိ

    -

     စိုင်းထွန်းစံ (December 08, 2020)

    မော်လမြိုင်ခရိုင်တွင် ဒီဇင်ဘာ ၇ ရက်အထိ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသူ ၁၁၀ ဦးရှိပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
     
    ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်ကာ မော်လမြိုင်ခရိုင်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းရမည့်သူ ၁၂၉ ဦးတွင် ၁၉ ဦးသာ တင်သွင်းရန်ကျန်ရှိတော့ကြောင်း သိရသည်။

    “ကုန်ကျစရိတ်ကတော့ ပုံစံ ၂၀ နဲ့တင်ရတယ်။ ပုံစံ ၂၀ မှာ အသုံးစရိတ် ခေါင်းစဉ်တွေ၊ ငွေစာရင်းခေါင်းစဉ်တွေ အကုန်ပါတယ်” ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြောသည်။

    အဆိုပါခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများထဲတွင် သက်မှတ်ထားသည့် ရွေးကောက်ပွဲအသုံးစရိတ် ကျော်လွန်တင်ပြခြင်းမျိုး လက်ရှိအချိန်ထိ မတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

    “သတ်မှတ်ထားသည့် ငွေပမာဏ ကျော်တဲ့သူတော့ မရှိသေးပါဘူး။ သတ်မှတ်ရက်အတွင်းမှာ လာမတင်တာမျိုးဆိုရင်တော့ အရည်အချင်းပျက်ယွင်းသူများစာရင်းမှာ ပါဝင်သွားမယ်။ အဲ့အရည်အချင်းပျက်ယွင်း သူများစားရင်းမှာ ပါဝင်သွားရင် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ မရတော့ဘူးပေါ့” ဟု ၎င်းကပြောသည်။

    ထို့အတူ သထုံခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိပြီး ဒီဇင်ဘာ ၈ ရကအထိ ၇၀ ခန့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks