spot_img
Wednesday, February 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး“မွန်လူငယ်များ မွန်နိုင်ငံရေး ပါဝင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား Online တွင် ကျင်းပသွားမည်

    “မွန်လူငယ်များ မွန်နိုင်ငံရေး ပါဝင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား Online တွင် ကျင်းပသွားမည်

    -

    ယဉ်ထောမွန် (ဒီဇင်ဘာ ၇-၂၀၂၀)

    “မွန်လူငယ်များ မွန်နိုင်ငံရေး ပါဝင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းနားကို Mon Youth Forum- MYF facebook တွင် Online တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ယမန်နှစ်ကျင်းပသည့် ၈ ကြိမ်မြောက် မွန်လူငယ်များနေ့တွင်  “ မွန်လူငယ်များ မွန်နိုင်ငံရေးပါတီပါဝင်ဝန်းရံကြ” ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ကျရောက်နေသဖြင့် အစိုးရကျန်းမာရေးဌာန လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ ခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကို ရေးမြို့နယ်တွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ မင်းမွန်ထောက ဆိုသည်။

    မင်းမွန်ထောက “အရင်နှစ်တွေထက်ထူးခြားချက်က ဝတ္ထုတို၊ ဆောင်းပါးနဲ့ ကဗျာစတဲ့စာပေပြိုင်ပွဲရှိတယ်၊ ကျန်တဲ့ကဏ္ဍတွေကတော့ အရင်နှစ်တွေလိုပဲ ၂၇ ရက်နေ့ညပိုင်းမှာ မွန်လူငယ်များနေ့ကြိုဆိုပွဲကျင်းပမယ် စကားပြောစွမ်းရည်ပြိုင်ပွဲနဲ့ စာပေပြိုင်ပွဲဆုချီးမြှင့်အခမ်းအနားရှိပါတယ်။၂၈ နေ့နံနက် ၉ နာရီအချိန်မှာ လူငယ်များနေ့အခမ်းအနားကတော့ အရင်နှစ်တွေအတိုင်းပါပဲ ဟောပြောမှုအစီအစဉ်တွေပါတယ်” ဟု ပြောသည်။ 

    သဘာပတိနှင့်အဖွဲ့ဝင်များ၊ ထုတ်ပြန်ချက်နှင့် ပါတီအဖွဲ့အစည်းအသီးသီးမှ ပေးပို့သောသဝဏ်လွှာများ ဖတ်ကြားသည့်အစီအစဉ်ပါရှိကြောင်း ၎င်းကဆိုသည်။

    “အမျိုးသားရေး သမိုင်းပေးတာဝန်တွေကို မိမိတို့ကျွမ်းကျင်ရာကဏ္ဍတွေမှာ လူငယ်တွေပါဝင်လာဖို့ မွန်လူငယ်တွေကို တိုက်တွန်းချင်တယ်၊ ပြီးတော့ လက်ရှိကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်ဘဝကိုဖျက်စီးနေတဲ့ မူးယစ်ဆေးဝါးအန္တရယ် တိုက်ဖျက်ဖို့အတွက် လူငယ်တွေမှာ တာဝန်ရှိပါသေးတယ်”ဟု မွန်လူငယ်ဆုံရပ် MYF  အတွင်းရေးမှူး မင်းဇာနည်ဦးက ပြောသည်။

    မွန်နိုင်ငံရေးသမိုင်းဖြစ်စဉ်တွင် ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ခေါင်းဆောင်ကြီးများကို ဂါရဝပြုခြင်း၊ လူငယ်များ၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို မြှုင့်တင်နိုင်ရန်နှင့် လူငယ်များအချင်းချင်း ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

    မြန်မာ့လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မော်လမြိုင် မွန်လူငယ်နှီးနှောဖလှယ်ပွဲကိုရည်ညွှန်း၍ ၂၀၁၂ ခုနှစ်က ဒေသအသီးသီးမှ မွန်လူငယ်များ တတိယအကြိမ်နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ မွန်လူငယ်နေ့ကို သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks