spot_img
Tuesday, February 10, 2026
More
    spot_img
    Homeဆောင်းပါးစားသောက်ကုန်လုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေပြီး လူမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်ကတိကဝတ်ကို GrabFood ထပ်မံ အတည်ပြု

    စားသောက်ကုန်လုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေပြီး လူမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်ကတိကဝတ်ကို GrabFood ထပ်မံ အတည်ပြု

    -

    ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ လွန်ခဲ့သည့် ၁၂ လအတွင်း လျှောက်လှမ်းခဲ့သည့် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် မန္တလေးမြို့အတွင်း နေထိုင်သူများမှာ အလွယ်တကူ အသုံးပြုနိုင်သည့် GrabFood ဝန်ဆောင်မှုများနှင့် ပိုမို ရင်းနှီးလာပြီး စတင်မိတ်ဆက် ခဲ့စဉ်ကထက် အော်ဒါအရေအတွက် (၂၄) ဆ မြင့်တက်လာခဲ့ပါသည်။ လက်ရှိအချိန်အထိ GrabFood မှ အကျိုးဖြစ်ထွန်းစေရန် တိုက်တွန်းအားပေးနိုင်ခဲ့သည့် အဓိက နယ်ပယ်များမှာ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲ အသုံးချရာတွင် ပံ့ပိုးပေးခြင်း၊ တစ်ချို့နေရာများတွင် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်များ၏ လုပ်ငန်းများအား ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းပေးခြင်း စသည်တို့ဖြစ်ပါသည်။ အဆိုပါ စားသောက်ဆိုင်များ အားလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလမှစ၍ အဘက်ဘက်မှ စိန်ခေါ်မှုများစွာ တွေ့ကြုံနေသည့် စားသောက်ဆိုင် လုပ်ငန်းများ ဖြစ်ပါသည်။

    GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၌ စတင် မိတ်ဆက်ခဲ့ပါသည်။ ယနေ့အချိန်အထိ GrabFood မှ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်အား အွန်လိုင်းကတစ်ဆင့် ပြောင်းလဲရောင်းချနိုင်ရန်နှင့် ၎င်းတို့၏ ဆိုင်ကို ပိုမို လူသိများလာစေရန် ပံ့ပိုးပေးမည့် Grab ၏ နည်းပညာပလက်ဖောင်းနှင့် နည်းပညာအကူအညီများကို တိုက်ရိုက် ရယူအသုံးပြုနိုင်ရေးအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် စားသောက်ကုန် လုပ်ငန်းများအတွက် ယခုကဲ့သို့ ဝန်ဆောင်မှုမှာ မိမိတို့၏ လက်ရှိ စတိုးဆိုင်အပြင် လုပ်ငန်းပိုမိုတိုးချဲ့နိုင်မည့် နည်းလမ်းများ မရှိသေးမီ ကာလအတွင်း အလွန် အရေးပါသော ဝန်ဆောင်မှုတစ်ခုပင် ဖြစ်ပါသည်။

    လွန်ခဲ့သည့် တစ်နှစ်အတွင်း GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအတွက် အစားအသောက်အော်ဒါ အရေအတွက်ပေါင်း ပျမ်းမျှ (၄၀%) ခန့် တိုးပွားလာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် GrabFood မှ ပြည်တွင်းရှိ အကြီးဆုံး မြို့ကြီး နှစ်မြို့အတွင်း ရာပေါင်းများစွာသော မိတ်ဖက်အစားအသောက် ပို့ဆောင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။

    “ကျွန်တော်တို့ Grab အနေနဲ့ အောင်မြင်မှုရလဒ်ကို ကိန်းဂဏန်းတွေနဲ့ပဲ တိုင်းတာခဲ့တာ မဟုတ်ပါဘူး။ လူအများရဲ့ ဘဝတွေ၊ လူနေမှုဘဝတွေကို ဘယ်လောက် အကျိုးပြုနိုင်ခဲ့လဲဆိုတဲ့ အချက်ကိုပါ ထည့်သွင်းစဉ်းစားပါတယ်။ GrabFood ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပြီး စားသောက်ဆိုင်ပိုင်ရှင်တွေကို ဒီနေ့ခေတ် ဒီဂျစ်တယ်စနစ် အသုံးပြုသူတွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်ဖို့ အွန်လိုင်းပေါ် ရောက်ရှိလာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက လူအများကြီးအတွက် အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဘယ်လောက်တောင် ပံ့ပိုးပေးနိုင်ခဲ့လဲ ဆိုတာ တိုင်းတာလို့ မရလောက်အောင်ပါပဲ။ ပြီးတော့ အခုလို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလမှာ ကျွန်တော်တို့ရဲ့ GrabFood မိတ်ဖက်အစားအသောက် ပို့ဆောင်သူတွေအတွက် ဝင်ငွေ ရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာကျေနပ်မိပါတယ်။ အစားအသောက်တွေကို မှာယူသူတွေဆီ အရောက်ပို့ဆောင်ပေးဖို့၊ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ ကြိုးစားနေကြတဲ့ သူတို့ရဲ့ အားထုတ်မှုတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားချင်ပါတယ်” ဟု Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်း က ပြောသည်။

    စားသောက်ကုန်လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေပြီး လူမှုဘဝများ တိုးတက်ကောင်းမွန်စေမည်ဟူသော Grab ၏ ကတိကဝတ်

    လွန်ခဲသည့်နှစ်အတွင်း GrabFood မှ ရရှိခဲ့သော အောင်မြင်တိုးတက်မှုများအား ဆက်လက်ထိန်းသိမ်းရင်း အထူးအစီအစဉ်အမျိုးမျိုးတို့ဖြင့် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များ အကျိုးဖြစ်ထွန်းစေရန် အားပေး ပံ့ပိုးသွားမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်များတွင် GrabFood မိတ်ဖက်စားသောက်ဆိုင်များအကြား အစားအသောက် သန့်ရှင်းရေးစံနှုန်းများ မြင့်မားလာစေရန် အလေးထား ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ခုလည်း ပါရှိပါသည်။ အဆိုပါ အစီအစဉ်ကို Grab ပလက်ဖောင်း အသုံးပြုသူများအားလုံးအတွက် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးတို့တွင် စိတ်ချယုံကြည်နိုင်ရန် ဝန်ဆောင်မှုပေးမည်ဟူသော Grab ရေရှည် ကတိကဝတ်တွင် အစိတ်အပိုင်း တစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

    ထို့အပြင် Grab မှ CB Bank နှင့် ပူးပေါင်းပြီး ငွေပေးချေမှု နည်းပညာအသစ်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိနေပြီ ဖြစ်ပါသည်။ အဆိုပါ ငွေပေးချေမှု နည်းပညာလုပ်ဆောင်ချက် အသစ်ဖြင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ Grab အက်ပလီကေးရှင်းအတွင်း ရောင်းရငွေများကို ၂၄ နာရီထက် နောက်မကျစေဘဲ အလိုအလျောက် လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များမှာ GrabFood အော်ဒါများမှ ရရှိသော ၎င်းတို့၏ အမြတ်ငွေများကို ယခင်အချိန်များကဲ့သို့ ရက်သတ္တပတ် ၃ ပတ်ကြာ စောင့်ဆိုင်းစရာ မလိုတော့ဘဲ တစ်ရက်အတွင်း ရယူနိုင်ပြီ ဖြစ်ပါသည်။ အကျိုးကျေးဇူး များစွာရရှိနိုင်သည့် အလိုအလျောက် ငွေပေးချေနိုင်သည့် စနစ်ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့် ဆိုင်အတွက် ငွေကြေးလည်ပတ်မှု ပိုမို လျင်မြန်အဆင်ပြေနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ပိုမို ကောင်းမွန်စွာ စီမံနိုင်မည် ဖြစ်ပါသည်။

    GrabFood ဝန်ဆောင်မှုဖြင့် Grab သည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ မိတ်ဖက်အစားအသောက်ပို့ဆောင်သူ (၁,၀၀၀) ကျော်အတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ အဆက်မပြတ် ပိုမို ပေးအပ်နိုင်ခဲ့သည်။ မိတ်ဖက်အစားအသောက်ပို့ဆောင်သူများအား အစားအသောက် ကိုင်တွယ်ထိန်းသိမ်းရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့အတွက် သင်တန်းများ ဆက်လက် ပို့ချပေးသွားမည် ဖြစ်ပါသည်။ GrabFood မိတ်ဖက်အစားအသောက်ပို့ဆောင်သူတိုင်းသည် GrabFood အော်ဒါ ပို့ဆောင်နေသည့် လမ်းကြောင်း တစ်ခုစီအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံ အကာအကွယ် ပေးအပ်ထားပြီး ဖြစ်ပါသည်။ ထို့အပြင် သတ်မှတ်ချက်နှင့် ပြည့်မီသော မိတ်ဖက်အစားအသောက်ပို့ဆောင်သူများမှာ ကိုဗစ်-၁၉ ကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများက ၎င်းတို့သတ်မှတ်ထားသည့် နေရာအဆာက်အဦးတစ်ခုခုတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန် တရားဝင် ညွှန်ကြားခံရပါက Grab ၏ မိတ်ဖက်အကူအညီ ရန်ပုံငွေအတွင်းမှ ငွေကြေး အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ပေးအပ်မည် ဖြစ်ပါသည်။

    GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ် အထူးအစီအစဉ် 

    မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်သည့် အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် စားသုံးသူများနှင့် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် “GrabFood ၁ နှစ်ပြည့် ပွဲဈေး” အမည်ရ ပြည်တွင်း ပထမဦးဆုံး အွန်လိုင်းပွဲဈေးတစ်ခုကို ကျင်းပပေးလျက် ရှိပါသည်။ အဆိုပါ ပွဲဈေးကို CB Bank နှင့် Kirin Ichiban တို့မှ ပံ့ပိုးပေးထားပြီး လွန်ခဲ့သော လများအတွင်းက ပိုမို လူကြိုက်များလာသည့် Grab app အတွင်း နှစ်သက်ရာ အစားအသောက်များ မှာယူနိုင်သည့် ဝန်ဆောင်မှုဖြင့် အော်ဒါများ ပိုမို ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

    “GrabFood ၁ နှစ်ပြည့် ပွဲဈေး” တွင် နိုင်ငံတကာ အစားအသောက်လုပ်ငန်းများဖြစ်သည့် Lotteria ၊ KOI Bubble Tea ၊ Tealive ၊ Pizza Maru နှင့်  Ya Kun Café တို့နှင့်အတူ ပြည်တွင်း၌ လူကြိုက်များသော စားသောက်ဆိုင်များဖြစ်သည့် YKKO ၊ Rangoon Tea House ၊ SP Bakery ၊ Mein Mein ၊ Miba Ayaik Noodle ၊ Tang Tea ၊ Unique Mandalay Tea Room ၊ Sandar May ၊ Tang Kyaw နှင့် Yoe Yar Sushi စသည့် ဆိုင်များအပါအဝင် GrabFood ၏ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၂၀) ကျော်မှ ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။

    ပွဲဈေးကာလဖြစ်သော နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ်နေ့တိုင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပွဲဈေးတွင် ပါဝင်သော မိတ်ဖက်စားသောက်ဆိုင်များမှ စားသောက်ဖွယ်ရာများနှင့် set meals များအား မြန်မာငွေ (၁,၀၀၀) ကျပ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ပရိုမိုရှင်းအနေဖြင့် ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ပွဲဈေးတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၂,၄၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၁,၀၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပါသည်။

    ထို့အပြင် ပွဲဈေးကာလအတွင်း နေ့စဉ် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မတူညီသည့် မိတ်ဖက်စားသောက်ဆိုင်မျိုးစုံမှ “GrabFood ၁ နှစ်ပြည့်ပွဲဈေး” ပရိုမိုးရှင်းအဖြစ် အထူးလျှော့ဈေး (၅၀) ရာခိုင်နှုန်းအထိ ပေးအပ်သွားမည့် အစီအစဉ်လည်း ပြုလုပ်လျက် ရှိပါသည်။ နေ့စဉ် ပရိုမိုးရှင်းအစီအစဉ်များအား Grab အက်ပလီကေးရှင်းမှ GrabFood tab အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    အများပြည်သူအနေဖြင့် “GrabFood ပွဲဈေး” အကြောင်း ထပ်မံသိရှိလိုပါက Grab အက်ပလီကေးရှင်း သို့မဟုတ် Grab Myanmar Facebook စာမျက်နှာ – https://www.facebook.com/GrabMM/ မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks