spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့အဝင်တွင် မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်သည့်ဆက်စပ်ပစ္စည်းများဖမ်းဆီးမိ

    မုဒုံမြို့အဝင်တွင် မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်သည့်ဆက်စပ်ပစ္စည်းများဖမ်းဆီးမိ

    -

    ဗညားစိုင်း (နိုဝင်ဘာ ၁၅-၂၀၂၀)

    မွန်ပြည်နယ်သို့ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်သည့်ဆက်စပ်စ္စည်းများ တင်ဆောင်လာသောလူနှစ်ဦးနှင့် မော်တော်ယာဉ်တစ်စီးကို မုဒုံမြို့အဝင် ကားဝပ်ရှော့ဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူထားသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးမှူးရုံးမှ သိရသည်။

    အဆိုပါ မော်တော်ယာဉ်ပေါ်၌ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် စပရင်းအမှုန့်များ၊ စိတ်ပြောင်းဆေး Ecstasy/MGMA ဟုယူဆရသော ဆေးပြားများ၊ အပြာရောင်ကပ်ခွာ ပလတ်စတစ်အိတ်များ၊ စိတ်ကြွဆေးတံဆိပ်ရိုက်ပစ္စည်းများနှင့်  ၉၃၄ စာတန်းပါ လေဆာတံဆိပ်တုံး ၂ ခုတို့ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းစီမံဌာနမှ ရဲမှုးဦးထွန်းထွန်းက “နိုဝင်ဘာ ၈ ရက်နေ့တုန်းကပေါ့၊ မူးယစ်ဆေးဝါးမော်တော်ယာဉ်တစ်စီး မရမ်းချောင်ကနေ ဖြတ်လာတာကို သတင်းရလို့ လိုက်စုံစမ်းစစ်ဆေးတယ်၊ လိုက်စုံစမ်းတဲ့အခါ ညနေ ၄ နာရီ ၃၀ အချိန်မှာ မုဒုံမြို့အဝင် ကားဝပ်ရှော့ဆိုင်မှာ နံပါတ်တပ်ဆင်ထားတဲ့ PORTER (II) SUPPER အဖြူရောင်မော်တော်ယာဉ်တစ်စီး ရပ်နေတဲ့ ယာဉ်တစ်စီးကို သတင်းရရှိလို့ လိုက်ရှာစစ်ဆေးတော့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတယ်ပေါ့” ဟု ပြောသည်။

    ယင်းသို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာတွင် စိုင်းထွန်းရင် အသက် (၂၈) နှစ်၊ စိုင်းစိုးဝင်း အသက်(၃၂) တို့ မောင်းနှင်းလာသည့် သီးသန့် ပြင်ဆင်ထားသည့်အမိုးနှစ်ထပ် မော်တော်ယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိရခြင်းဖြစ်သည်။

    အဆိုပါဖမ်းဆီးမိသူ ၂ ဦးအား စစ်ဆေးမေးမြန်းရာတွင် အဆိုပါမူးယစ်ဆေးဝါးအား မုဒုံမှတဆင့် ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်သို့ ပို့ ဆောင်ရန် စီစဉ်ထားသည်ဟု (Voice of Thanbyuzayat) ဆိုရှယ်မီဒီယာတခုမှ ဖော်ပြထားသည်။

    အခုသကဲ့သို့ ဖမ်းဆီးထားသော ဖြစ်စဉ်နှင့် ပတ်သက်ပြီး စိုင်းထွန်းရင်နှင့် စိုင်းစိုးဝင်းတို့နှစ်ဦးသည် မော်လမြိုင်မြို့မရဲစခန်းမှ မယ(ပ) ၁၃/၂၀၂၀၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါး ပိုင်ဆိုင်မှု ပုဒ်မ ၁၆ (ခ) ၁၉ (က) ၂၀ (က) ၂၁ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။





    Photo-မူးယစ်ဆေးဝါးနှင့်အတူ ဖမ်ဆီးရမိသောဆက်စပ်ပစ္စည်းများ (Voice of Thanbyuzayat)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks