spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19ကျိုက်ထီးရိုးဘုရားပွဲတော် မကျင်းပနိုင်သေးသဖြင့် ဒေသခံတို့၏စားဝတ်နေရေးနှင့် စီးပွားရေးအခက်တွေ့

    ကျိုက်ထီးရိုးဘုရားပွဲတော် မကျင်းပနိုင်သေးသဖြင့် ဒေသခံတို့၏စားဝတ်နေရေးနှင့် စီးပွားရေးအခက်တွေ့

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ နိုဝင်ဘာ ၃)

    သီတင်းကျွတ်လပြည့်နေ့တွင် နှစ်ကျင်းပမြဲဖြစ်သော ကျိုက်ထီးရိုးဘုရားပွဲတော်ကို ကိုဗစ် ၁၉ ရောဂါကြောင့် ယခုနှစ်ပွဲတော်မကျင်းပနိုင်သည့်အပေါ် ဒေသခံတို့၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။

    ကာလရှည်ကြာစွာကတည်းက ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များအပေါ် မှီခိုကာ ဒေသခံတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါစတင်ပြန့်နှံ့လာသည့် ပြီးခဲ့သည့်မတ်လကတည်းက လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

    “အရောင်းအဝယ်တွေကနည်းလာတယ် အဲဒီအပြင်ကို စီးပွားရေး ကျလာတယ် ခုရောဂါလည်းဝင်လာတော့ လုပ်ငန်းတွေက အဆင်မပြေတာအမှန်ပဲ။ မိုးတွင်းတုန်းကတော့ မျှစ်ချိုးပြီး စားကြတယ် ခုကမိုးတွင်းလဲမဟုတ်တော့ဘူး အဲတော့လူတွေက စားဖို့သောက်ဖို့အခက်ခဲ ဖြစ်တယ်” ဟု ကင်မွန်းချောင်းကျေးရွာ ဆယ်အိမ်မှူး ဦးဌေးသန်းက ပြောသည်။

    ကျိုက်ထီးရိုးဘုရာပွဲတော်ကို ပုံမှန်အတိုင်း နှစ်စဉ်ခုနှစ်လတာ ကျင်းပသည်ဟု ၎င်းကဆိုသည်။

     “ဒီအချိန်မှာ သူတို့လည်း ကြုံတဲ့ အလုပ်တွေလုပ်နေကြတာ စားဝတ်နေရေးအတွက် ဘယ်သူမှလည်းအာမခံမပေးနိုင်ဘူးလေ တချို့ကျတော့လည်း ဆန်အိတ်တွေပေးတယ်။ အသင်းလိုက်တောင်မှ တနေ့ကမှ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ခေါက်ဆွဲနှစ်ဖာ အသင်းကနေဝေပေးတာ” ဟု တောင်တက်မော်တော်ယာဉ်လိုင်း ရုံးအဖွဲ့မှူး ဦးဌေးဝင်း ကပြောသည်။ 

    တောင်တက်ကားယာဉ်လိုင်းကို မတ်လ ၂၁ ရက်နေ့က စတင်ပိတ်လိုက်ရာမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၃၀၀ ခန့်နှင့် မှီခိုသူမိသားစုဝင်များ စားဝတ်နေရေးအတွက် အခက်ကြုံလာရခြင်းဖြစ်သည်။

    “ဒီမှာက ဘုရားဖူး တွေလာမှ ဒီဘက်ကလူတွေက စီးပွားရေးအဆင်ပြေတယ်လေ ခုကဒီတိုင်းပဲထိုင်စားနေရတာ၊ အရောင်းအဝယ် အခြေအနေက တော်တော်ကိုခက်ခဲတယ် တချို့ဆိုရင် အလုပ်တွေတောင်မရှိကြဘူး” ဟု ကင်မွန်းချောင် ဒေသခံဈေးသည် မနွယ်ကဆိုသည်။

    ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင်းကျေးရွာတွင် အိမ်ထောင်စု ၁၇၀၀ ကျော်ရှိပြီး ဈေးဆိုင်ခန်း ၂၀၀ ကျော်၊ တောင်တက်မော်တော်ယာဉ် ၁၆၅ စီး၊ ခေါင်းရွက်ဈေးသည် ၆၀၀ ခန့်ရှိသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကာလများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ နေ့စဉ် ၆ ထောင်ခန့်နှင့် နိုင်ငံခြားသား ၂ ရာခန့်၊ နှစ်စဉ်ဘုရားဖူး ၃ သန်းခန့် လာရောက်ဖူးမျှော်လေ့ ရှိကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါဗကအဖွဲ့ထံမှ သိရသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားပီးနောက် နိုင်ငံတော်သမ္မတရုံးကလည်း ဧပြီလကုန်အထိ လူစုလူဝေး ပွဲတော်များနှင့် ပွဲတော်အခမ်းအနားများ မပြုလုပ်ကြရန် ၂၀၂၀ မတ်လ ၁၃ ရက်ကတည်းက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks