spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ မေးမြန်းချက်‌၂၀၂၀ ရွေးကောက်ပွဲအလားအလာ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနှင့် အင်တာဗျူး

    ၂၀၂၀ ရွေးကောက်ပွဲအလားအလာ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနှင့် အင်တာဗျူး

    -

    စိုင်းဝင်းဦး (၂၀၂၀ နိုဝင်ဘာ ၂)

    နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည် ၂၀၂၀ ရွေးကောက်ပွဲအလားအလာနှင့်ပတ်သက်ပြီး တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနှင့် မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းချက်ဖြစ်ပါသည်။

    မေး-ပြည်နယ်တွေမှ NLD နိုင်ချေလျော့နည်းသွားနိုင်လား?

    ဖြေ-လောလောဆယ်အခြေအနေနဲ့ လျော့သွားနိုင်ပါတယ် ဘာလို့လည်းဆိုတော့ ရှမ်းနဲ့ ရခိုင်က အရင်ကတဲ့က အားကောင်းပြီးသားနေရာဖြစ်တာကိုး အားကောင်းပြီးသားဖြစ်တဲ့အပြင် ကျန်တဲ့ ပြည်နယ် ၅ ပြည်နယ်မှာလည်းပဲ တိုင်းရင်းသားပါတီတွေစုပြီး လှုပ်ရှားတာတွေ့တဲ့အတွက်ကြောင့်မို့ အရင်ကထက်စာရင် လျော့ကျသွားမှာ သေချာသလောက်ရှိပါတယ်၊ NLD အတွက် ရနိုင်မယ့်နေရာတွေ ပြောမယ်ဆိုလို့ရှိရင် ကရင်ပြည်နယ်မှာ အစိတ်အပိုင်းတစ်ခုရနိုင်ပါတယ်၊ မွန်ပြည်နယ်မှာ သံလွင် အနောက်အခြမ်းမှာ အဓိက ရနိုင်ပါတယ်၊ ချင်းပြည်နယ်မှာ တောင်ပိုင်းမှာ အဓိက ရနိုင်ပါတယ် ကချင်ပြည်နယ်မှာလည်း ကချင်ပြည်နယ်မှာလည်း ရှမ်းလူထုနေတဲ့နေရာတွေမှာ ရနိုင်တာပေါ့ အဲလိုအနေအထားမျိုးလေးတော့ရှိပါတယ်၊ လုံးဝ မရဘူးတော့ မဟုတ်ဘူးပေါ့ဗျာ ရနိုင်တဲ့ နေရာတွေ ရှိပါသေးတယ်၊ သို့သော်လည်း ၂၀၁၅ လောက်ကတော့ရဖို့ မလွယ်တော့ဘူးထင်ပါတယ်။

    မေး-ပြည်နယ်တွေမှာ အားနည်းသွားနိုင်တဲ့အတွက် NLD အစိုးရဖွဲ့နိုင်ဖို့ ထိခိုက်မှုရှိနိုင်လား?

    ဖြေ-အစိုးရဖွဲ့ရေးနဲ့ ပတ်သက်လို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ပြည်ထောင်စု လွှတ်တော်မှာ ၃၈၀ လောက်နိုင်ထားတာကို ၃၈၀ လောက်နိုင်ထားတယ် ဆိုတာက အစိုးရဖွဲ့ဖို့ ပမာဏလည်း လွန်တာပေါ့ ဒီနှစ်က ပြည်ထောင်စုလွှတ်တော်မှာ ၂၂ နေရာ လျော့တာကိုး ၂၂ နေရာ လျော့သွားတဲ့အတွက် ၃၂၀ ကျော်ရရင်ကိုက အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာရှိတယ်၊ အဲတော့ ယျေဘူယျတွက်ရင်တော့ ၃၈၀ လောက်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်အမတ်အရေအတွက်က ၆၀ လောက်ရှုံးရင်တောင် အစိုးရဖွဲ့နေသေးတယ်ဆိုတော့ အစိုးရဖွဲ့နိုင်ချေများတာပေါ့ နောက်တစ်ခုက တိုင်းဒေသကြီး ၇ ခုမှာ NLD ရဲ့ ပြည်ထောင်စု လွှတ်တော် နိုင်နှုန်းက ၉၆၊ ၉၇ ရာခိုင်နှုန်းလောက်ရှိတယ်၊ တိုင်းဒေသကြီး ၇ ခုမှာ ပြည်ထောင်စု လွှတ်တော်နေရာ ၂၉၁ နေရာရှိတာကိုး အဲမှာ သူက ၂၈၀ လောက်ရတယ်၊ အဲခုနား ပြည်နယ် ၇ ခုကနေပြီးတော့ ရထားတာ ၁၀၀ လောက်ရှိတယ် ဒီပြည်ထောင်စု လွှတ်တော်မှာ ၃၈၀ လောက်ရထားတာကိုး အခု ၂၀၂၀ မှာလည် တကယ်လို့ တိုင်းဒေသကြီး ၇ ခုမှသာ ဒီနှုန်းကို ဆက်ထိန်းထားနိုင်တယ်ဆိုရင် ၂၈၀ လောက်ရတယ်ဆိုလို့ရှိရင် ပြည်နယ်မှာ ၄၀ ကျော်ရတာနဲ့ အစိုးရ ဖွဲ့နိုင်ချေရှိတာကိုး လောလောဆယ်အနေနဲ့ တစ်ပါတီပဲ အစိုးရဖွဲ့နိုင်ချေရှိတာက NLD ပါပဲ၊ ဒါပေမဲ့ သူ့ရဲ့ အဓိက အဆုံးအဖြတ်ပေးမှာကတော့ တိုင်းဒေသကြီးတွေမှာ ၂၀၁၅ တုန်းလောက် နိုင်ဖို့ လိုအပ်တာပါပဲ၊ အဲမှာ လျော့ရင်တော့ နည်းနည်း ထိခိုက်မှု ရှိနိုင်ပါတယ်။

    မေး-NLD အစိုးရဖွဲ့နိုင်ဖို့ တိုင်းဒေသကြီးမှာ ပိုဆိုင်တယ်လို့ ပြောလို့ရလား?

    ဖြေ-အဓိက တိုင်းဒေသကြီးက ပြည်ထောင်စု လွှတ်တော်ရရှိဖို့က သူ့အတွက် အရေးကြီးဆုံးပဲဗျ၊ အဲလိုတိုင်းဒေသကြီးက လျော့သွားမယ်ဆိုရင်တော့ သူ့အနေနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့ဖို့က နည်းနည်းအခက်အခဲရှိမှာပေါ့ ဒါတောင်မှပဲ အနိုင်ဆုံးပါတီအနေနဲ့ ရပ်တည်ပြီးတော့ တစ်ခြားတစ်ခုခုနဲ့ တွဲပြီး ဖွဲ့နိုင်ဖို့ အခွင့်အရေးကလည်း သူဆီပဲ ရှိမှာ။

    မေး-ညွန့်ပေါင်းအစိုးရရော ဖြစ်လာနိုင်ချေရှိလား

    ဖြေ-ညွန့်ပေါင်းကတော့ NLD ချွတ်ချော်မှပဲ ဖြစ်လာနိုင်မှာပါ NLD မချွတ်ချော်ရင်တော့ ဖြစ်လာနိုင်ချေမရှိပါဘူး၊ ဘာလို့လည်း ဆိုတော့ ၂၀၁၅ နဲ့စာရင်ကို  အမတ် ၆၀ လောက်ရှုံးလို့ ရသေးတဲ့ အနေအထားဆိုတာကတော့ NLD အနေနဲ့ အသားစီး ရနေတဲ့ အနေအထားရှိတယ်လို့ ပြောရမှာပေါ့။

    မေး-ရှမ်းနဲ့ ရခိုင်မှာ အချို့မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် NLD အတွက် ပိုအလားအလာကောင်းသွားလား? 

    ဖြေ-ရှမ်းနဲ့ ရခိုင်မှာ မလုပ်တဲ့ အတွက်ကြောင့်မို့ ပြည်ထောင်စု လွှတ်တော်မှာ အမတ် ၂၂ နေရာ လျော့သွားတော့ အရင်က အမတ် ၃၃၀ ကျော်မှ အစိုးရဖွဲ့နိုင်မယ် ခုက ၃၂၀ ကျော်နဲ့ အစိုးရဖွဲ့နိုင်တဲ့ အတွက်ကြောင့်မို့ နည်းနည်း အစိုးရဖွဲ့ချင်တဲ့ ပါတီတွေ အတွက်‌တော့ ပိုအားသာတာပေါ့။

    တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks