spot_img
Monday, March 2, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းခွဲကျော် မဲပေးခွင့်ဆုံးရှုံး

    ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းခွဲကျော် မဲပေးခွင့်ဆုံးရှုံး

    -

    မွန်သတင်းအေဂျင်စီ (နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၀)

    လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် (CAFFE Project) ၏ အောက်တိုဘာလ (၃၁) နေ့က ထုတ်ဝေသည့် အစီရင်ခံစာအရ ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၃ သောင်း ၇ ထောင်ကျော်သာ မဲပေးခဲ့သည့်အတွက် ကျန်ရှိသည့် (၁) သန်းခွဲကျော် မဲပေးခွင့် ဆုံးရှုံးရသည်ဟု ဆိုသည်။

    ပြီးခဲ့သည့်မတ်လက ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ အတည်ပြုသည့်မှတ်တမ်းတွင် ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင်သူ မြန်မာနိုင်ငံသားများ (၁ ဒဿမ ၆) သန်းကျော် ရှိသည်ဟု ဖော်ပြသည်။ 

    “ထိုင်းမှာက အလုပ်သမားတွေ ပြန့် နှံ့ နေထိုင်နေတာဖြစ်တာပေါ့။ ဆက်သွယ်ရေး အားနည်းတဲ့နေရာတွေ ရှိသေးတယ်၊ ပညာရေးကလည်း အားနည်းတယ်ဆိုတော့ မြန်မာသံရုံးကနေ ထုတ်လိုက်တဲ့ ပုံစံ (၁၅) ကြိုတင်ပေးရေးလျှောက်လွှာကို ရတဲ့သူ အတော်နည်းတယ်။ ဒါတောင် အလုပ်သမားအဖွဲ့ အစည်းတွေ၊ ဘုန်းကြီးတွေ၊ တိုင်းရင်းသားပရဟိတအဖွဲ့တွေ ဝိုင်းဖြန့် လို့ ရတာ။ နောက်ပြီး မဲပေးတဲ့ နေရာကလည်း ဘန်ကောက်နဲ့ ချင်းမိုင်ပဲ ဆိုတော့ အတော်များများက လာဖို့ ခက်တယ်။ ခရီးဝေးတယ်" ဟု CAFFE Project ဦးဆောင်သူ နိုင်ကဆုမွန်က ဆိုသည်။

    စာမျက်နှာ (၄၀) ခန့် ရှိသည့် ၎င်းအစီရင်ခံစာတွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားအခြေအနေကို ဖော်ပြထားပြီး ထိုင်းနိုင်ငံ (၇၇) ခရိုင်အနက် မြန်မာနိုင်ငံသားများ (၆၄) ခရိုင်တွင် သွားရောက်အလုပ်လုပ်ကြသည်ဟု ဖော်ပြကာ နှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံသားများ တရားဝင် နေထိုင်အလုပ်လုပ်ပိုင်ခွင့် ရှိလာသည့်အပြင် တရားဝင်မဲပေးပိုင်ခွင့် ရှိလာပြီ ဖြစ်သည်။

    ပုံစံ (၁၅) ကြိုတင်မဲ မဖြည့်နိုင်သည့် အကြောင်းအရင်းများမှာ ဘန်ကောက်မြို့ မြန်မာသံရုံး၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များအား အလွယ်တကူမသိရှိခြင်း၊ ပုံစံ (၁၅) ကိုဒေါင်းလုပ်ချ၍ အချက်အလက်များ ဖြည့်သွင်းပြီး အီးမေးလ်ဖြင့် ပြန်ပို့ ရန် အလုပ်သမားအများစု မလုပ်ဆောင်တတ်ခြင်း၊ မဲပေးရန် စက်ရုံလုပ်ရုံများမှ အလုပ်ရှင်နှင် ကုမ္မဏီတို့ ခွင့်မပြုခြင်း၊ မဲပေးသည့်အနေရာ ခရီးဝေးခြင်းနှင့် လမ်းစရိတ်များပြားစွာ ကုန်ကျမှုကြောင့် ကြိုတင်မဲပေးရန် ပျက်ကွက်ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုင်းနိုင်ငံအတွင်း မွန်နှင့် အခြားတိုင်းရင်းသားအလုပ်သမားများအား ကြိုတင်မဲပေးရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ၂၀၂၀ ရွေးကောက်ပွဲ အကျိုးဆောင်ကော်မီတီမှ ကြိုတင်မဲပေးသူစာရင်း ပုံစံ (၁၅) လျှောက်လွာ (၅၀၀၀) ခန့် မြန်မာသံရုံးသို့ ပေးပို့ခဲ့သော်လည်း ကြိုတင်မဲပေးသည့်အခါ အားလုံး မလာရောက်နိုင်ဟု သိရသည်။

    “ကျနော်တို့ ကော်မီတီကတော့ ဦးရေ (၅၀၀၀) အထိတော့တင်ထားတယ်။ ဒါပေမဲ့ မဲလာကြတာ (၃၅၀၀-၄၀၀၀) လောက်ပဲ ရှိမယ် ထင်တယ်။ အထူးသဖြင့် အဝေးကနေ လာရတဲ့ လူတွေ ဥပမာဆိုရင် ဖူးကက်တို့ ဟတ်ယိုင်တို့ က လူတွေ ပုံစံ (၁၅) တင်ထားပေမဲ့ မလာနိုင်ဖူးလေ" ဟု ၂၀၂၀ ရွေးကောက်ပွဲ အကျိုးဆောင်ကော်မီတီဝင် နိုင်သဟမွန်က ပြောသည်။

    နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး (၁၄) ခုမှ ကြိုတင်မဲပေးပုံစံ (၁၅) တင်ထားသူ (၃၉၀၀၀) ကျော်ရှိကာ၊ (၃၇၀၃၇) ဦး ခွင့်ပြုခဲ့ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့သည်။

    လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် (CAFFE Project) မှလည်း နောင်လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသား (၄) သန်းကျော် မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေတရပ်ပြဌာန်းရန်လိုအပ်လာပြီး အထူးသဖြင့် ထိုင်းနိုင်ငံရောက် အလုပ်သမားများ မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထိုင်းနိုင်ငံအစိုးရနှင့် တွေ့ ဆုံဆွေးနွေးရန် လိုအပ်ပြီး မဲရုံများဖြန့်ကျက်ထားရှိနိုင်ရန် လိုအပ်ကြောင်း အစီရင်ခံစာက အကြံပြုထားသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks