spot_img
Tuesday, January 6, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေးသောင်းနှင့်ချီသော မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူများ ဘီလူးကျွန်းနှင့် ရေးမြို့နယ်တွင် လှည့်လည်အင်အားပြ

    သောင်းနှင့်ချီသော မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူများ ဘီလူးကျွန်းနှင့် ရေးမြို့နယ်တွင် လှည့်လည်အင်အားပြ

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၁၃)

    မွန်တိုင်းရင်းသား အများစုနေထိုင်ကြသည့် ဘီလူးကျွန်းနှင့် ရေးမြို့ပေါ်တို့တွင် သောင်းနှင့်ချီသော  မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူလူငယ်များက အောက်တိုဘာလ (၁၂-၁၃ ) ရက်နေ့များတွင် လှည့်လည် အင်အားပြခဲ့ကြောင်း သတင်းရရှိသည်။

    မွန်ညီညွတ်ရေးပါတီ၏ အလံ၊ စတစ်ကာ၊ နဖူးစည်းနှင့် Mask များ ကိုယ်စီတပ်ဆင်၍ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်သီချင်းများဖွင့်လှစ်သီဆိုကာ မြို့ပေါ်နှင့် ကျေးရွာများသို့လှည့်လည်ကာ မွန်တိုင်းရင်းသားတို့၏ စည်းရုံးမှုအင်အားကို ဝန်းရံပြသခဲ့ကြခြင်း ဖြစ်ကြောင်း မွန်လူငယ်ခေါင်းဆောင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အထူးသဖြင့် မွန်လူငယ်များဆုံရပ် MYF မှ ဦးစီး၍ သက်ဆိုင်ရာမြို့နယ်အလိုက် ကျေးရွာအသီးသီးရှိ မွန်လူငယ်များက မွန်ညီညွတ်ရေးပါတီအား ဝန်းရံကြခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါကာလဖြစ်နေသည့်အတွက် မြို့နယ်တစ်ခုနှင့်တစ်ခု သွားလာကူးလူးခြင်း မပြုကြဘဲ မြို့နယ်အတွင်းရှိ မွန်လူငယ်များက ဝန်းရံလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

    ဘီလူးကျွန်းတွင် အဓိကပြိုင်ဖက်ဖြစ်နေကြသည်မှာ မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေဖြစ်ပြီး ၂၀၁၀ /၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ် ဆက်တိုက်အနိုင်ရရှိထားသူ မွန်ညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် တစ်ကြိမ်တစ်ခါမှ ရွေးကောက်ပွဲမဝင်ခဲ့ဖူးသူ NLD ပါတီဝင် လက်ရှိမွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    အလားတူ ရေးမြို့နယ်တွင်လည်း အဓိကပြိုင်ဖက်ဖြစ်နေသည့် မွန်ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းတို့က ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်အရွေးခံကြမည်ဖြစ်သည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်ခရိုင် ၆ မြို့နယ်၌ မွန်ညီညွတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သာ အဓိကပြိုင်ဖက်များ ဖြစ်နေကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

    မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သောဒီမိုကရစ်တစ်ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စသည့်နိုင်ငံရေး ပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတို့ မွန်ပြည်နယ် မဲဆန္ဒနယ်မြေ ၄၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts