spot_img
Saturday, February 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ထိန်းချုပ်နယ်မြေအတွင်း တပ်မတော် အင်အားတိုးချဲ့နေကြောင်း KNU ပြောဆို

    ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ထိန်းချုပ်နယ်မြေအတွင်း တပ်မတော် အင်အားတိုးချဲ့နေကြောင်း KNU ပြောဆို

    -

    စိုင်းဦး(စက်တင်ဘာ ၂၉)

    ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လုံခြုံရေးအကြောင်းပြုပြီး KNU တပ်မဟာနယ်မြေအတွင်း တပ်မတော် အင်အားတိုးချဲ့လာသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဖါပွန် မှာဆိုရင် တပ်ရင်း ၂ ရင်း ထပ်တိုးလာတယ် တိုးလာတာက ပြီးခဲ့တဲ့ လလောက်ကတိုးလာတယ် တပ်မဟာ ၇ ဂွင်မှာလည်း ၂ ရင်းလောက်တိုးလာတယ် ဆိုတော့ သူတို့ မေးကြည့်တော့လည်း ရွေးကောက်ပွဲလုံခြုံရေး လာယူတယ်လို့ပြောတယ် အဲနေရာတွေက ဘာမှ လုံခြုံရေး ယူစရာအကြောင်းမရှိဘူးလေ” ဟု ပဒိုစောတာဒိုမှုးက ဆိုသည်။

    ရွေးကောက်ပွဲကာလတွင် ယင်းကဲ့သို့ တပ်အင်အားများလာသည့်အပေါ် အဆင်ပြေလိမ့်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

    “ဒါတွေက စဉ်းစားစရာတွေ ဖြစ်တာပေါ့နော် တစ်ဖက်မှာလည်း စဉ်းစားကြည့်တာ အစိုးရတပ်သားတွေက မဲထည့်လို့ရတာကိုး တပ်ဝင်းထဲမှာ မနေဘဲနဲ့ အပြင်မှာ Camp ထိုးပြီးတော့၊ Camp ထိုးတဲ့နေရာမှာလည်း တစ်ချက်ခုတ်နှစ်ချက်ပြတ် ကျွန်တော်တို့နေရာမှာပဲ Camp လာထိုးပြီးတော့ မဲရုံထောင်လာသလားတော့ မပြောတတ်ဘူးပေါ့ဗျာ ပြောချင်တာတော့ ရွေးကောက်ပွဲကာလမှာ တပ်အင်အားတွေ များလာတာ သိပ်တော့ အဆင်မပြေဘူးပေါ့လေ”ဟု ပဒိုစောတာဒိုမှုးက ဆက်ပြောသည်။

    အစိုးရနှင့် KNU တို့ သဘောတူ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အရ အပစ်ရပ်နယ်မြေအတွင်း တပ်လှုပ်ရှားခြင်း၊ အင်အားတိုးခ့ျဲခြင်း၊ အင်အားအသစ်ဖြည့်တင်းခြင်း မပြုလုပ်ရန် ပါရှိနေသည်။

    အလားတူ ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခု ရုပ်သိမ်းပေးရန် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ယခုလဆန်းပိုင်းတွင် စာဖြင့်အကြောင်းကြားခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှုများရှိနေကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက သတင်းဌာနများသို့ ဆက်သွယ်ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်ကို ချန်လှပ်၍ တပ်မတော်က ထိုးစစ်ဆင်ရပ်ထားမှုကို စက်တင်ဘာလကုန်အထိအထိ ရက်တိုးထားသည်ဆိုသော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA၊ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA တပ်စခန်းများရှိရာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း“နယ်မြရှင်းလင်းရေး စစ်ဆင်လှုပ်ရှားမှု” ပြုလုပ်လျှက်ရှိကြောင်း ရှမ်းနှင့် ကချင်သတင်းဌာနများက ရေးသားဖော်ပြသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks