spot_img
Wednesday, February 4, 2026
More
    spot_img
    HomeCovid 19ထိုင်းမြန်မာ ဘုရားသုံးဆူဒေသ၌ ကုန်ပစ္စည်းများဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်အထိ ပိတ်ထားမည်

    ထိုင်းမြန်မာ ဘုရားသုံးဆူဒေသ၌ ကုန်ပစ္စည်းများဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်အထိ ပိတ်ထားမည်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၂၃)

    မြန်မာနိုင်ငံအတွင်း လတ်တလော ကိုဗစ်ရောဂါကူးစက်မှုနှုန်းတိုးလာသဖြင့် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာတို့တွင် ကုန်ပစ္စည်းများအပြန်အလှန်ဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်အထိ ပိတ်ထားလိုက်ကြောင်း ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

    ဘုရားသုံးဆူဒေသ နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံမလွယ်ပေါက်များနှင့် တရားမဝင်စစ်ဆေးရေးဂိတ်များမှတဆင့် လူနှင့် မော်တော်ယာဉ် ဝင်ထွက်ပေါက်နေရာ လမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းတို့ စတင်ပိတ်ပင်ထားသော်လည်း နှစ်ဖက်ကုန်စည်များပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကုန်ပစ္စည်းများသယ်ဆောင်ရန် နားလည်မှုဖြင့် ခွင့်ပြုထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။  

    ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘုရားသုံးဆူမြို့အနီး ကျေးရွာတစ်ရွာတွင် အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း မြန်မာနိုင်ငံက သတင်းထုတ်ပြန်ချက်အရ စိုးရိမ်မှုဖြစ်လာရကြောင်း ထိုင်းသတင်းများက ဖော်ပြနေသည်။

    သို့ရာတွင် အဆိုပါ အသက် ၁၇ နှစ်အရွယ်ရှိသံသယလူနာကို ကိုဗစ်ရောဂါပိုးစစ်ဆေးဆဲအနေအထားမှာ ရှိနေပြီး ပိုးတွေ့သည်ဟု အဖြေမရသေးကြောင်း ဘုရားသုံးဆူမြို့ ပရဟိတဆောင်ရွက်နေသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ အသိပေးပြောကြားလာသည်။

    ထို့အပြင် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့က ကိုဗစ်စောင့်ကြည့်ရေးစင်တာ Quarantine သည် ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာ လူနေရပ်ကွက်နှင့် အလွန်နီးကပ်နေသဖြင့် မြန်မာနိုင်ငံတဝန်း ရောဂါကူးစက်မူ ရာဂဏန်းအထက် မြင့်တက်လာသောကြောင့် အဆိုးဆုံးဖြစ်လာမည့်အခြေအနေများအတွက် ကြိုတင် ကာကွယ်ရေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုင်းကျန်းမာရေးဌာနကိုအကြောင်းမကြားပဲ နယ်စပ်ကျေးရွာရှိ လူနာများကို သယ်ဆောင်လာခြင်း၊ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား လက်ခံဆေးကုသပေးခြင်းတို့ လုပ်ဆောင်ခွင့်မပြုကြောင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖွင့်ထားသည့် အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးဆိုင်များနှင့် ခရီးသွားလုပ်ငန်းများ အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။

    အလားတူ ကန်ချနပူရီပြည်နယ်တောင်ဘက်ရှိ ပရာကျွတ်ခီရီပြည်နယ်နှင့် မြိတ်ခရိုင်အကြား နယ်စပ်လမ်းများအားလုံးကို လုံခြုံရေး အထူးတင်းကျပ်လိုက်ပြီး ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ၂၄ နာရီ စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

    အထက်ပါ အမိန့်ကိုချိုးဖောက်သူ (သို့မဟုတ်) ပျက်ကွက်သူမည်သူမဆို ကူးစက်တတ်သောရောဂါများ အက်ဥပဒေပုဒ်မ ၅၂ ၊ ပြည်သူ့စီမံခန့်ခွဲမှုဆိုင်ရာအရေးပေါ်အမိန့် ပုဒ်မ (၁၈) B.E. 2558 အရ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဘတ်ငွေတစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks