spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်လူငယ်များ မွန်ညီညွှတ်ရေးပါတီကို မဲထည့်ရန် မွန်လူငယ်ဆုံရပ် MYF တိုက်တွန်းနှိုးဆော်

    မွန်လူငယ်များ မွန်ညီညွှတ်ရေးပါတီကို မဲထည့်ရန် မွန်လူငယ်ဆုံရပ် MYF တိုက်တွန်းနှိုးဆော်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ စက်တင်ဘာလ ၂၂)

    မွန်လူငယ်များ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွှတ်ရေး ပါတီကို မဲပေးကြရန် မွန်လူငယ်ဆုံရပ် Mon Youth Forum-MYF က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် နှိုးဆော်စာထုတ်ပြန် တိုက်တွန်းလိုက်သည်။

    လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ တစ်ပါတီ စနစ် ကြီးစိုးနေမှုကြောင့် တိုင်းရင်းသားများ အနေဖြင့် အနိုင်ကျင့်ခံနေရသဖြင့် လွှတ်တော်ထဲတွင် တိုင်းရင်းသား အမတ်များများ ရှိဖို့ လိုအပ်သည်ဟု မွန်လူငယ်ဆုံရပ် အဖွဲ့မှ အကြံပေး မင်းဉာဏ်စိုက်ရာမာန်က ပြောသည်။

    “တစ်ပါတီ စနစ်ကြီးစိုးအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီလိုပဲ အနိုင်ကျင့် ခံနေရအုံးမယ် အဲ့ဒါကြောင့် ကျွန်တော်တို့ မွန်လူမျိုးဆိုရင် မွန်ညီညွှတ်ရေးပါတီကို မဲထည့်ခြင်းအားဖြင့် လာမယ့်လွှတ်တော်မှာ အပြောင်းအလဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ၎င်းကဆိုသည်။

    လက်ရှိ အစိုးရသက်တမ်းတွင် မွန်ဒေသ၌ ဒေသဖွံ့ဖြိုးရေး ၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် အားနည်းချက်များရှိနေပြီး ဘီးလူးကျွန်းတံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် အမည်ပြောင်း အနိုင်ကျင့်မှုများ ရှိခဲ့သည့်အပေါ် သင်ခန်းစာ ယူရတော့မည်ဟု ကြောငြာချက်တွင် ပါရှိသည်။

    “မွန်လူငယ်အတော်များများက ကျနော်တို့ပါတီကို ဝန်းရံပေးပါတယ်၊ ဝန်းရံတဲ့နေရာမှာလည်း တစ်နေရာထဲ တစ်စုထဲမှာ လူ ၅၀ မပြည့်အောင် Covid ကပ်ရောဂါပြန့်နှံ့နေတဲ့ အခုလိုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုလိုက်နာဖို့ ကျေးရွာအသီးသီးက မွန်လူငယ်တွေကို ကျနော်တို့ သတိပေးထားပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်လူငယ်ဆုံရပ် (MYF) သည် ပြည်တွင်း ပြည်ပရှိ မွန်လူငယ်များ၊ မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ မှ မွန်လူငယ်များဖြင့် စုစည်းထားသည့် အဖွဲ့လည်း ဖြစ်သည်။

    မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ ပေါင်းစည်းထားသည့် မွန်ညီညွှတ်ရေး ပါတီက လာမည့် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) နေရာ လွှတ်တော် နေရာ ( ၆၇) နေရာ ဝင်ပြိုင်သွားမည် ဖြစ်သည်။

    အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၇) ဦးတွင် လူငယ်ပါဝင်မှု ၁၇ ဒဿမ ၉ %နှင့် အမျိုးသမီး  ၂၅ ဒဿမ ၄ %  ပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks