spot_img
Wednesday, February 4, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ် ကိုဗစ် ၁၉ ရောဂါပိုး ၃၁ ဦးစံချိန်တင်တွေ့ရှိ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန် ၂ ဦး ရောဂါပိုးကူးစက်ခံရ

    မွန်ပြည်နယ် ကိုဗစ် ၁၉ ရောဂါပိုး ၃၁ ဦးစံချိန်တင်တွေ့ရှိ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန် ၂ ဦး ရောဂါပိုးကူးစက်ခံရ

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၂၁)

    မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ ၃၁ ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း ဆရာဝန် ၂ ဦးကိုလည်း ရောဂါပိုးကူးစက်ခံထားရပြီး မော်လမြိုင်မြို့ပေါ် နေရာအချို့ကိုလည်း အဝင်အထွက်ကန့်သတ်သည့်အနေရာအဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

    စက်တင်ဘာလ ၂၀ ရက်နေ့က မွန်ပြည်နယ် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာများတွင် ဘီးလင်းမြို့နယ် ၂၁ ဦး၊ မော်လမြိုင်မြို့ ၈ ဦး၊ သထုံမြို့နယ် ၁ ဦးနှင့် ကျိုက်မရောမြို့နယ် ၁ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    “အထူးကုပြင်ပလူနာဌာနမှာ လူနာကြည့်ပေးတဲ့ ဆရာဝန် ၂ ဦး လူနာစစ်ဆေးပေးရင်းနဲ့ လူနာတစ်ယောက်က လာပြတဲ့အခါမှာ လူနာရဲ့သားပါလာတယ် သူ့ရဲသားဟာ စစ်ကဲကုန်းက ရောဂါပိုးတွေ့တဲ့အိမ်ရဲ့ကြားမှာ သွား ရှိနေတယ်။ အဲ့တာနဲ့ကျန်းမာရေးဝန်ထမ်း ၇ ဦးကိုစစ်ဆေးတာ ဆရာဝန် ၂ ဦးမှာ ရောဂါပိုးသွားတွေ့တာ”ဟု မော်လမြိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ဆိုသည်။

    အဆိုပါ ကိုဗစ် ၁၉ ရောဂါပိုးကူစက်ခံရသည့် ဆရာဝန် ၂ ဦးသည် မော်လမြိုင်မြို့စစ်ကဲကုန်းရပ်ကွက်တွင် ရောဂါပိုး တွေ့ရှိခဲ့သည့်လူနာတစ်ဦး၏ သားဖြစ်သူ လူနာစောင့်တစ်ဦးနှင့် ထိတွေ့မှုရှိခဲ့သည့်အတွက် ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပြီး မော်လမြိုင်ဆေးရုံကြီး ဆေးရုံပြင်ပလူနာဌာနကို ယခုအခါ အသွားလာကန့်သတ်ထား ကြောင်းသိရသည်။

    ထို့အတူ ယနေ့(စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်သော မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၀ အရ (၁)မော်လမြိုင်မြို့ပေါ်ရှိ တောင်ရိုးတန်းလမ်း၊ အရေးပိုင်ကုန်းလမ်း၊ အထက်လမ်းမ၊ သာယာကုန်းလမ်းများအတွင်းရှိ နေအိမ်များ၊ (၂) သီတာလမ်း၊ အထက်လမ်းမ၊ မြို့မတံတာလမ်း၊ ဗဟိုလမ်းများအတွင်းရှိ နေအိမ်များ၊ (၃) အထက်လမ်းမ (ထားဝယ်တံတားမီးပွိုင့်မှ သီတာလမ်းထိပ်အထိ) ဘေးဝဲယာရှိ နေအိမ်များ၊ (၄) သီတာလမ်း (ဗဟိုလမ်းမှ အောက်လမ်းမကြား) အတွင်းရှိနေအိမ်များအား အဝင်အထွက်ကန့်သတ်သည့်အနေရာအဖြစ် သတ်မှတ်လိုက်သည်။ 

    မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်တက်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၅၈ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

    ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန စက်တင်ဘာ ၂၁ ရက် ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၄၆) ဦး ထပ်မံတွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆,၁၅၁) ဦးရှိပြီ ဖြစ်ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၉၈)ဦး ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များအနက် စုစုပေါင်း (၁,၄၄၅) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks