spot_img
Wednesday, February 4, 2026
More
    spot_img
    HomeCovid 19မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားသည့်ဆိုင်ခန်းပစ္စည်းများ ယာယီထုတ်ယူခွင့်ပြု

    မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားသည့်ဆိုင်ခန်းပစ္စည်းများ ယာယီထုတ်ယူခွင့်ပြု

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊စက်တင်ဘာ ၁၉ )

    မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားရသော ဆိုင်ရှင်များတောင်းဆိုလာသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး မနက်ပိုင်းတွင် ဈေးရုံ B နှင့် C ကိုခွင့်ပြုပြီး နေ့လည်ပိုင်းတွင် ဈေးရုံ A နှင့် D ကို ယာယီထုတ်ယူခွင့်ပြုထားကြောင်း ဈေးတာဝန်ခံရုံးမှသိရသည်။

    ဈေးတာဝန်ခံ ဦးစိုးလွင်က“သူတို့ပစ္စည်းတွေကိုယူသွားပြီးတော့ အိမ်ကနေတစ်ဆင့် ဖောက်သည်တွေကို ပြန်ပြီးပေးလို့ရအောင်စီစဉ်ပေးလိုက်တာပေါ့။ သူတို့ဆိုင်မှာရှိတဲ့ ပစ္စည်းတွေနဲ့မိသားစုအဆင်ပြေအောင် နှစ်ဖက်ကြည့်ပြီးစဉ်းစားပြီး ယာယီခွင့်ပြုထားပေးတာ” ဟု ပြောသည်။

    မော်လမြိုင်အမှတ်(၁)ဈေးကြီးမှာ မွန်ပြည်နယ်ရှိ မြို့နယ်၊ကျေးရွာအချို့တို့မှ ကုန်ပစ္စည်းများကို လက်လီ၊လက်ကား ဖောက်သည်ယူရောင်းချမှုများရှိသည့်အတွက် ပိတ်ထားရသည့်ဆိုင်များ အခက်ခဲဖြစ်ပေါ်နေပြီး ယခုလိုခွင့်ပြုပေးသည့်အတွက် အနည်းငယ်အဆင်ပြေမှုရှိကြောင်း ဆိုင်ရှင်အချို့က ဆိုသည်။

    ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် အခြေခံစားသောက်ကုန်နှင့် ဆေးဆိုင်များကိုသာဖွင့်ခွင့်ပြုထားပြီး ပိတ်ထားသည့်ဆိုင်ခန်များက စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး တစ်ပတ်တစ်ရက်နှုန်းဖြင့် ပစ္စည်းများထုတ်ခွင့်ပြုရန် တောင်းဆိုထားကြောင်း သိရသည်။

    “သူတို့တောင်းဆိုလာရင်တော့ ဈေးတာဝန်ခံရှိတယ် ဈေးတာဝန်ခံကနေပြီးတော့ မြို့နယ်စည်ပင်ကိုတင်ပြတယ် အခက်အခဲလေးတွေဒီလိုရှိတယ်ဆိုတာ ရက်နည်းနည်းကြာနေပြီး ဒီပိတ်ထားတာလဲ။ ပစ္စည်းတွေပျက်စီးမှာစိုးလို့ ထုတ်ခွင့်ပြုဖို့ ဆိုင်တွေစစ်ဆေးခွင့်ပြုဖို့ တောင်းဆိုရင်တော့လဲ လုပ်ပေးပါတယ်” ဟု မော်လမြိုင် အမှတ်(၁) ဈေးကော်မတီ ဒုတိယဥက္ကဌ ဦးမောင်စိုးမှ ဆိုသည်။

    ထို့ပြင် ပိတ်ထားရသည့်ဆိုင်ရှင်အချို့က အခြေခံစားသောက်ကုန်ဆိုင်နှင့် အခြားကုန်ပစ္စည်းဆိုင်များကို အလှည့်ကျ တစ်ရက်ခြားတစ်ခါဖွင့်ခွင့်ပြုဖို့တောင်းဆိုမှုတွေကို ဈေးကော်မတီအစည်းအဝေးပြုလုပ်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

    မော်လမြိုင်မြို့ပေါ် Stay at home ရပ်ကွက်သတ်မှတ်နေရာရှိ ဈေးများတွင် စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး အခြေခံစားသောက်ကုန်များသာ ရောင်းချသည့်ဆိုင်များကိုသာ ရောင်းချခွင့်ပြုကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

    မော်လမြိုင်တွင် မုပွန်ဈေး၊ မင်္ဂလာဈေး၊ မြိုင်ရတနာဈေး၊ အမှတ်(၁)ဈေးကြီး၊ အမှတ်(၂)ဈေးကြီး၊ ဒိုင်းဝန်ကွင်းဈေး၊ သီရိမြိုင်ဈေး တို့ဖြစ်ပြီး၊ သထုံမြို့နယ်တွင် မြို့မဈေးတို့ကို အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks