spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် NLD ဆိုင်းဘုတ်ဖျက်ဆီးသူ ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ဖမ်းဆီးအရေးယူ

    ကျိုက်မရောမြို့နယ် NLD ဆိုင်းဘုတ်ဖျက်ဆီးသူ ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ဖမ်းဆီးအရေးယူ

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၈)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာ၌ စိုက်ထူထားသော NLD        ပါတီအောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးသူ လူငယ်တစ်ဦးက ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ကျိုက်မရောမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

    မွန်ကျေးရွာတွင် NLD ဆိုင်းဘုတ်ထောင်ခြင်းကို လုံးဝလက်မခံသည့် အဆိုပါ အသက် ၂၈ နှစ်အရွယ် ကော့သပ်ကျေးရွာသားက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ယင်းဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

    ကျိုက်မရောမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက “ကျနော်တို့ဖက်က ပထမစဉ်းစားပါတယ် ကောင်လေးဖက်က ကြေအေးဖို့တောင်းပန်ရင် ကျနော်တို့ဖက်က ကြေးအေးဖို့အဆင်သင့်ပါ သူ့ရဲ့အနေအထားက လုံးဝတောင်းပန်တဲ့အနေအထားမဟုတ်ဘူး  ကျနော်တို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၅၇၊ ၅၈ နဲ့ အမှုဖွင့်ခဲ့တာပေါ့၊ တကယ်လို့ သူ့ဖက်က ကျနော်တို့ကို တောင်းပန်မယ်ဆိုရင် ဒီဟာကို ဆက်လုပ်ဖို့အစီအစဉ်မရှိဘူး၊ ဒါပေမယ့် သူ့ပုံစံက လုံးဝလက်မခံတော့ အဲဒါနဲ့ကျနော်တို့အမှုဖွင့်တာပါ” ဟု ဆိုသည်။  

    ယင်းကဲ့သို့ ဆိုင်းဘုတ်ပျက်ဆီးမှုအတွက် လျော်ပေးမည်မဟုတ်ကြောင်း၊ မွန်ကျေးရွာတွင် NLD ဆိုင်းဘုတ်လာပြီး မထောင်သင့်ကြောင်း၊ ဖြစ်ပေါ်လာသော အမှုအခင်းများကို မိမိဖာသာရင်ဆိုင်ဖြေရှင်းသွားမည်ဟု အဆိုပါလူငယ်က ပြောကြားခဲ့ကြောင်း ကော့သပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက Men3 သတင်းဌာနသို့ ပြောခဲ့သည်။  

    ကော့သပ်ကျေးရွာ အုပ်ချုပ်ရေးမှူးးက “ သူ့မိဘတွေကို ကျနော်တို့ခေါ်တွေ့တယ် NLD ကိုခေါ်တယ် ဒါကိုယ့်ရွာသားတွေအားလုံးဖြစ်ကြတဲ့အတွက် ကျနော့်အနေနဲ့ ညှိနှိုင်းဖြေရှင်းပေးမယ် ဆုံးရှုံးမှုတွေအတွက် လျော်ပေးလိုက်ပါဆိုတော့ သူပြန်ပြောတာက မလျော်နိုင်ဘူး မွန်ရွာမှာ NLD ဆိုင်းဘုတ် လာပြီးမထောင်နဲ့ဆိုတော့ ကျနော်ကလည်း ညီလေးရေဒါမျိုးမပြောသင့်ဘူး ခွင့်ပြုချက်နဲ့အားလုံး ထောင်လို့ရပါတယ်လို့၊ ဒါကိုသူကလုံးဝလက်မခံဘူးဆိုတော့ ရဲလက်ကိုပဲ အပ်လိုက်တာပေါ့” ဟု ဆိုသည်။

    ရွေးကောက်ပွဲ ဥပဒေပါ ပုဒ်မ ၅၇၊ ပုဒ်မ ၅၈(ခ)၊ ပုဒ်မ ၅၈(ဃ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၁(ခ)နှင့် ပုဒ်မ ၆၁(ဂ)တို့သည် ရဲအရေးပိုင်သည့် ပုဒ်မများဖြစ်သည့်အတွက် ရဲစခန်းတွင် အမှုဖွင့်နိုင်ပြီး ရွေးကောက်ပွဲ မတိုင်မီဖြစ်စေ၊ ရွေးကောက်ပွဲနေ့တွင်ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းဖြစ်စေ အရေးယူပိုင်ခွင့်ရှိကြောင်း၊ ပြစ်မှု ထင်ရှားပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဌာန်းထားသည်။

    မဲဆွယ်စည်းရုံးရေး စတင်သည့်နေ့ရက်မှစပြီး နိုင်ငံအနှံ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD  ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ဆိုင်းဘုတ်များကို ဖျက်ဆီးလေ ပြည်သူလူထုက NLD ကို ပိုပြီးထောက်ခံလေဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks