spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ဘီးလင်း အမှတ်(၂)တာယာစက်ရုံ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၈ ဦးတွေ့သဖြင့် အဝင်အထွက်ကန့်သတ်ထား

    ဘီးလင်း အမှတ်(၂)တာယာစက်ရုံ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၈ ဦးတွေ့သဖြင့် အဝင်အထွက်ကန့်သတ်ထား

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၁၈)

    ဘီးလင်းမြို့နယ်ရှိ အမှတ်(၂)တာယာစက်ရုံတွင် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ ၈ ဦးတွေ့ရှိခဲ့သဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး အဝင်အထွက် ကန့်သတ်နေရာအဖြစ် စတင်အသက်ဝင်ပြီး ထိုကာလအတွင်း စက်ရုံလုပ်ငန်းများကို ရပ်နားထားရန် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြော်ငြာစာအမှတ် ၆/၂၀၂၀ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

    ဘီလင်းမြို့နယ်မှ စောင့်ကြည့်လူနာတစ်ဦးတွင် စက်တင်ဘာလ ၁၆ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နှစ်ရက်အကြာ ရောဂါပိုးရှိသူများ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က မွန်ပြည်နယ်၌ တစ်ရက်အတွင်း ပိုးတွေ့လူနာသစ် ၁၉ ဦးတွေ့ရှိသဖြင့် စုစုပေါင်းရောဂါပိုးတွေ့ရှိသူ ၁၁၅ ဦးအထိရှိလာသည်။

    “ဘီးလင်းတာယာစက်ရုံက အလုပ်သမားတစ်ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့တယ်ပေါ့ အဲ့တော့သူနဲ့အနီးစပ်ဆုံး အဆိုင်းထဲကလူတွေကို စစ်လိုက်တဲ့အခါကျတော့ ၇ ဦးပြန်တွေ့တယ်။ သူတို့လုပ်ငန်းလည်ပတ်တဲ့ပုံစံအရ စက်ရုံကတော့ တစ်နေရာနဲ့တစ်နေရာ အထဲမှာအလုပ်လုပ်နေတဲ့သူတွေ သူ့နေရာနဲ့သူနေကြတယ် ဆိုပေမယ့် ခုတွေ့ရှိတဲ့နှုန်းအရတော့ စိတ်မချလို့ လောလောဆယ်အသွားအလာကန့်သတ်ထားလိုက်တယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး(စီးမံ) ဒေါက်တာဝတ်မှုံက ဆိုသည်။

    အသွားအလာ ကန့်သတ်မှုပုံစံအရ ရောဂါပိုးတွေ့ရှိခဲ့သည့်နေရာတွင် ၂ ပတ်အတွင်း ရောဂါပိုးကူစက်ခံရမှုမရှိပါက ကန့်သတ်ထားမှုကို ဖျက်သိမ်ပေးမည်ဖြစ်ပြီး ယခုရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မိသူများကို ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

    အဆိုပါ အမှတ်(၂) တာယာစက်ရုံတွင် ဝန်ထမ်းဦးရေ ၆၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး လက်ရှိတွင် စက်ရုံအတွင်းနေထိုင်သည့် ဝန်ထမ်း ၁၀၀ ခန့်ကို စက်ရုံအတွင်း အဝင်အထွက်ကန့်သက်ထားခြင်း ဖြစ်သည်။

    “ဝန်ထမ်းတွေ တော်တော်များများက အိမ်ကနေပြီးတော့ နေ့ချင်းပြန်လာတဲ့လူတွေများတယ် အဲ့လိုမျိုးစက်ရုံ ကိုပိတ်လိုက်တဲ့အချိန်မျိုးမှာ ဝန်ထမ်းတွေအကုန်လုံးက သူ့အိမ်သူပြန်သွားကြတယ် စက်ရုံနေဝန်ထမ်းက နည်းတယ်။ စက်ရုံထဲကဝန်ထမ်းတွေကတော့ သူ့အိမ်သူနေကြတာပဲ Home Quarantine သဘောမျိုးနဲ့”ဟု ဘီးလင်းမြို့နယ် အမှတ်(၂)တာယာစက်ရုံ အရည်အသွေးစစ်ဆေးရေးဌာန မန်နေဂျာ ဦးထင်ဝင်းကျော်က ပြောသည်။

    ယင်းသို့ ဝန်ထမ်းများအလုပ်ရပ်နားထားရသဖြင့် လုပ်အားခအခက်အခဲ ဖြစ်ပေါ်စေနိုင်ပြီး စက်ရုံအတွင်းရှိ ဝန်ထမ်းများကို ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အစားအသောက်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

    မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ သီတာလမ်း(ဗဟိုလမ်းနှင့် အထက်လမ်းမကြား) ၊ ဒေါင်းမင်းရပ်နှင့် သထုံမြို့ အောက်ကျင်းလမ်း (အုတ်ဖိုတန်းလမ်းနှင့် မြို့ပတ်လမ်းအကြား) အား အဝင်အထွက် ကန့်သတ်သည့်နေရာအဖြစ် အာဏာပိုင်များက သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks