spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ဒုတိယလှိုင်းဝင်ရောက်သည့် တစ်လအတွင်း ပိုးတွေ့လူနာ ၁၀ ဆနီးပါးတိုးလာ

    ကိုဗစ်ဒုတိယလှိုင်းဝင်ရောက်သည့် တစ်လအတွင်း ပိုးတွေ့လူနာ ၁၀ ဆနီးပါးတိုးလာ

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၆)

    ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် Covid-19 လူနာအမှတ် ၃၇၅ ရောဂါပိုး တဖန်ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၁၆ ရက်နေ့) နံနက် ၈ နာရီအထိ ပိုးတွေ့လူနာ ၃,၆၃၆ ဦးရှိလာသဖြင့် မြန်မာနိုင်ငံတဝန်း တစ်လအတွင်း ပိုးတွေ့လူနာ ၁၀ ဆနီးပါးတိုးလာကြောင်း တွေ့ရသည်။

    ဇူလိုင် ၁၆ ရက်နောက်ပိုင်းမှစ၍ COVID-19 ပြည်တွင်းကူးစက်မှု ကင်းစင်နေသည့်တစ်လအကြာ ဩဂုတ် ၁၆ ရက်က စစ်တွေမြို့ရှိ CB ဘဏ်ဝန်ထမ်းတစ်ဦး Case 375 မှ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပြည်တွင်းကူးစက်မှု တဖန်ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

    ယခင်လများအတွင်း Covid-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦးသာရှိခဲ့သော်လည်း ယနေ့နံနက် ၈ နာရီ အချိန်ထိ သေဆုံးသူ ၃၉ ဦး၊ ပြန်လည်သက်သာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ၈၃၂ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

    လက်ရှိပိုးတွေ့လူနာများတွင် ရန်ကုန်ုတိုင်းဒေသကြီး ၂၀၈၈ ဦး၊ ရခိုင်ပြည်နယ် ၇၆၉ ဦး၊ မန္တလေးတိုင်း ၁၀၁ ဦးနှင့် မွန်ပြည်နယ် ၇၄ ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

    မွန်ပြည်နယ်အတွင်း ရောဂါပိုးရှိလူနာများနှင့် ထိတွေ့သူ ၃၀၀ ကျော် Quarantine စခန်းများသို့ ဝင်ရောက်လျှက်ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

    ထို့အတူ အဆိုပါဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမှုများ လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် အုပ်ချုပ်ရေး (သို့) နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားခြင်းဖြင့် ကူညီပေးကြပါရန် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မေတ္တာရပ်ခံထားသည်။

    ပြည်သူများအနေဖြင့် “အပြင်ထွက်တိုင်း Mask တပ်ပါ။ လူစုလူဝေးရှောင်ကြည်ပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ လက်ကိုမကြာခနဆေးပါ” ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နှိုးဆော်ထားသည်။

    ထို့ပြင် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပိုးတွေ့လူနာစုစုပေါင်း ၃,၄၉၀ ဦး သေဆုံးဆူ ၅၈ ဦး၊ အိန္ဒိယနိုင်ငံတွင် ပိုးတွေ့လူနာစုစုပေါင်း ၄ သန်း ၉ သိန်းကျော် သေဆုံးသူ ၈ သောင်းကျော်ရှိသွားပြီ ဖြစ်ကြောင်း ယနေ့ Covid 19 Update သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks