spot_img
Thursday, February 12, 2026
More
    spot_img
    HomeCovid 19ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အားလုံးမှ မွန်ပြည်နယ်သို့လာရောက်ပါက CBFQ ဝင်ရမည်ဖြစ်ပြီး နေထိုင်စားသောက်စရိတ်နှင့် Swab စစ်ဆေးခပါ မိမိတို့ကိုယ်တိုင်ကျခံရမည်

    ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အားလုံးမှ မွန်ပြည်နယ်သို့လာရောက်ပါက CBFQ ဝင်ရမည်ဖြစ်ပြီး နေထိုင်စားသောက်စရိတ်နှင့် Swab စစ်ဆေးခပါ မိမိတို့ကိုယ်တိုင်ကျခံရမည်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၈)

    ယခုအခါ Covid 19 ပြည်တွင်းကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ မွန်ပြည်နယ်သို့ ခရီးသွားပြည်သူများ လာရောက်ပါက သတ်မှတ်ထားသည့် Community Based Facility Quarantine သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး နေထိုင်စားသောက်စရိတ်နှင့် Swab စစ်ဆေးခ စရိတ်ကျခံရမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်နေ့စွဲဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

    Covid 19 ရောဂါပိုးရှိမရှိ Swab နမူနာရယူစစ်ဆေးခ တစ်ဦးလျှင် ငါးသောင်း (၅၀,၀၀၀) ကျပ်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက လက်မှတ်ထိုး၍ သက်ဆိုင်ရာအစိုးရရုံးဌာနအသီးသီးသို့ ညွှန်ကြားထားခြင်းဖြစ်သည်။ 

    မွန်ပြည်နယ်အတိုင်း Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျိုက်ထိုမြို့နယ်တွင် အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် ထိတွေ့ခံရသူများ၊ ပြည်ပ ပြန်လာသူများအား ကန့်သတ်စောင့် ကြည်ရေးစခန်း Quarantine ၂၁ ရက် နေထိုင်ရန် သတ်မှတ်ထားချက်ကို ၁၄ ရက် ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

    အတည်ပြုလူနာများကိုလည်း ယခင်က ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ပါက ဆေးရုံကဆင်းခွင့်ပြုရာမှ ယခုအခါ ပိုးတွေ့ရှိပြီး ၁၁ ရက်နောက်ပိုင်း ရောဂါသက်သာလျှင် ဆေးရုံဆင်းနိုင်စေရန် အပါအဝင် အပြောင်းအလဲတချို့ ပြုလုပ်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအစည်းအဝေးမှ စက်တင်ဘာ ၇ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

    စက်တင်ဘာ ၇ ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိကြောင်း ည ၈ နာရီတွင်သတင်းထုတ်ပြန်ခဲ့ပြီး ယနေ့နံနက် ၈ နာရီ (စက်တင်ဘာ ၈) တွင် ဓာတ်ခွဲအတည်ပြုလူနာသစ်(၉၂) ဦး ထပ်မံတွေ့ရှိရသဖြင့် ယခုအခါ အတည်ပြုလူနာစုစုပေါင်း (၁၆၁၀) ဦးရှိလာကြောင်း သတင်းရရှိသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks