spot_img
Thursday, February 12, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ပိုးတွေ့လူနာများလာသဖြင့် မွန်ပြည်နယ်ရှိ ယာဉ်လိုင်းအချို့ရပ်နား

    ကိုဗစ်ပိုးတွေ့လူနာများလာသဖြင့် မွန်ပြည်နယ်ရှိ ယာဉ်လိုင်းအချို့ရပ်နား

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊စက်တင်ဘာ ၈)

    ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာများလာသဖြင့် မွန်ပြည်နယ်အတွင်းပြေးဆွဲနေသော ယာဉ်လိုင်းအချို့ ရပ်နားထားခြင်းနှင့် လျော့ချပြေးဆွဲခြင်းများရှိလာကြောင်း ပြည်နယ်ယာဉ်လုပ်ငန်းထိမ်းသိမ်းကြီးကြပ်ရေးကော်မတီ ထံမှသိရသည်။

    မော်လမြိုင်မြို့မှ ကျိုက်ထိုမြို့နယ်အထိ ပြေးဆွဲနေသည့် စိုးရတနာ ခရီးသည်တင်ယာဉ်လိုင်း ခေတ္တရပ်နားထားရန် တင်ပြထားသည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းထိမ်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်ဝင်းမောင်က ပြောသည်။

    “အခုလောလောဆယ်ရုံးကို ရပ်နားမယ်လို့တင်ပြထားတာက ကျိုက်ထိုနဲ့ မော်လမြိုင်ဆွဲနေတဲ့ စိုးရတနာတစ်လိုင်းပဲ ရပ်နားထားတာရှိတယ်။ ကျန်တဲ့ယာဉ်လိုင်းတွေက အားလုံးနဂိုပုံမှန်တိုင်းတော့ဆွဲနေတယ် ဒါပေမဲ့ယာဉ်အစီးရေတော့လျော့ပြီးဆွဲတာပေါ့ ခရီးသည်နည်းတဲ့အတွက်”ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။

    ကရင်-မွန်ပြည်နယ် မြစ်ကူးတံတားဖြစ်သည့် ဇာသပြင်(ဂျိုင်းတံတား) ၌  စက်တင်ဘာလ ၂ ရက်နေ့မှစတင်ပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးစစ်ဆေးမှုများ ပြုလုပ်လာသည့်အတွက် မော်လမြိုင်- ဘာအံ ပြေးဆွဲနေသော ယာဉ်လိုင်းအချို့လည်း ရပ်နားထားသည်။

    မော်တော်ယာဉ်ပေါ်က ခရီးသည်၏အချက်အလက်များနှင့် ခရီးသွားရာဇဝင် မှတ်တမ်းပြုစုထားနိုင်အောင် အထူးဆောင်ရွက်မှုများရှိလာသဖြင့် ခရီးသွားလာမှုနည်းပါးလာကြောင်း သိရသည်။

    “မွန်ပြည်နယ်အစိုးရအဖွဲ့ကတော့ ဒီကိုဗစ်ကာကွယ်ဖို့အတွက် ထိုင်ခုံနှစ်ခုံကို ခရီးသည်တစ်ဦးပဲ ပေးထိုင်ဖို့ ညွန်ကြားထားတယ် အဲဒီညွန်ကြားချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ ကြီးကြပ်နေတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    အသွားအလာကန့်သတ်ပိတ်ဆို့မှုများ ရှိလာသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်သွားပါက အခက်အခဲပိုရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။

    မွန်ပြည်နယ်မှ အခြားဒေသများသို့ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် ပြည်နယ်အတွင်းပြေးဆွဲလျှက်ရှိသည့် မော်တော်ယာဉ်လိုင်း စုစုပေါင်း ၇၃ လိုင်းရှိပြီး ကိုဗစ် ၁၉ စတင်ဖြစ်ပွားချိန်မတ်လတွင် ခေတ္တရပ်နားထား၍ သကြန်ကာလအလွန်မှသာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။

    Photo- မော်လမြိုင် မြေနီကုန်းအဝေးပြေးကားဝင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks