spot_img
Thursday, February 12, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံ ထပ်တိုးထားရန် ပြင်ဆင်

    မွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံ ထပ်တိုးထားရန် ပြင်ဆင်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ စက်တင်ဘာလ ၈)

    လာမည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် Covid 19 ကြောင့်နှင့် ပထမ အကြိမ် မဲစာရင်း ကပ်ထားကြေငြာထားသည့် အပေါ် မူတည်ပြီး မဲရုံ ၂၂ ရုံကို ထပ်တိုးရန် ပြင်ဆင်ထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။

    “လက်ရှိမှာတော့ တိုးလာနိုင်တယ် တစ်ချို့မှာ ဥပဒေမှာက ၃၀၀ ကနေ ၃၀၀၀ ကိုဗစ်လည်းရှိနေတော့ ၃၀၀၀ ကျော်သွားတဲ့ မဲရုံတွေကို သက်ဆိုင်တဲ့ မြို့နယ်ကနေ မဲရုံတွေကို ပြန်ခွဲထုတ်တယ် လက်ရှိမှာက ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာပြီးတဲ့ အချိန်မှာ မဲရုံထပ်တိုးဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

    ယင်းတို့ ထပ်တိုးမည့် မဲရုံ ၂၂ ရုံအတွက် မဲရုံ ဝန်ထမ်းများနှင့် မဲရုံသုံး ပစ္စည်းများကို လျာထား ဆောင်ရွက်ထားပြီဖြစ်သည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

    ရွေးကောက်ပွဲ ဥပဒေ အရ မဲရုံတစ်ရုံကို လူဦးရေ ၃၀၀ နှင့် ၃၀၀၀ ကြား သတ်မှတ်ရမှာ ဖြစ်ပြီး လက်ရှိ မဲရုံ ထပ်တိုးသည့် မဲရုံများက လူဦးရေ ၃၀၀၀ ကျော်လွန်သည့် သထုံမြို့နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ် စသည့် မြို့နယ်များမှ မဲရုံများ ဖြစ်သည်။

    “တစ်ချို့မဲရုံတွေက ၂၈၀၀ လောက် ရှိတယ် ပုံစံ ၃ နဲ့ ထပ်လျှောက်လာလို့ ၃၁၀၀ ဖြစ်သွားလို့ ရှိရင် ဥပဒေအရ ၃၀၀၀ ကျော်ရင် မဲရုံ ခွဲပေးရတယ်ပေါ့ တစ်ချို့ ရပ်ကွက်မှာ မဲရုံ ၁ ၊၂ ၊ ဆိုရင် ၃ တိုးတာပေါ့ အခု ဖြစ်နေတဲ့ Covid ကြောင့်လည်း မျှ ရတာပေါ့” ဦးဟိဏ်းလင်းထက်က ဆိုသည်။

    မွန်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီ ၁၇ ပါတီမှာ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်သည်။

    မွန်ပြည်နယ်တွင် မဲပေးခွင့် ရှိသူ ၁၇ သိန်း ၆ သောင်းကျော်တွင် ပထမဦးဆုံး မဲပေးမည့် လူငယ် (First time Voter) ၂ သိန်းကျော်၊ မသန်စွမ်း ၄၀၀၀ ကျော်ရှိပြီး မဲရုံ ၉၇၀ ရုံ ဖွင့်လှစ်ရန် လျာထားသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲရုံ ၉၁၉ ရုံဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၅ သိန်း ၃ သောင်းကျော်ရှိသည့်အနက် ၅၁ ဒဿမ ၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ဖော်ပြသည်။

    Photo- ၂၀၁၅ ရွေးကောက်ပွဲ-သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် မဲရုံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks